ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ နဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ တို႔ ဆက္ဆံေရး ေကာင္းမြန္

0
990

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ ဆက္ဆံေရး အရမ္းေကာင္းမြန္ ေနတယ္လို႔ တပ္မေတာ္သတင္းမွန္ ထုတ္ျပန္ေရးအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္စိုးႏုိင္ဦးက ေျပာခဲ့ပါတယ္။

မတ္လ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ျမဝတီစာေပတိုက္မွာျပဳလုပ္ခဲ့တဲ့ တပ္မေတာ္နဲ႔ သတင္းမီဒီယာ ေကာင္စီ အလုပ္ရံုေဆြးေႏြးပြဲဖြင့္ပြဲမွာ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦးက အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အေရးက တစ္မ်ိဳးသားလုံးနဲ႔သက္ဆိုင္တာ ေၾကာင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ေရွး႐ႈေဆာင္႐ြက္ေစလိုၿပီး ဥပေဒ နဲ႔ မညီတဲ့ လုပ္ရပ္ေတြ ေဆာင္႐ြက္တဲ့ အရာရွိ၊ စစ္သည္ေတြကိုလည္း ဥပေဒအရ အေရးယူလ်က္ရွိေနကာ ႏိုင္ငံတကာ ဥပေဒမ်ား၊ သေဘာတူညီ ခ်က္မ်ားကိုလည္း ေလးစားလိုက္နာ ေဆာင္႐ြက္လ်က္ ရွိတယ္လို႔ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦးက ေျပာၾကားခဲ့ပါတယ္။

တပ္မေတာ္ဟာ ဥပေဒနဲ႔အညီသာ ေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းျဖစ္ၿပီး ဥပေဒ နဲ႔ မညီတဲ့ လုပ္ရပ္မ်ာကို ေဆာင္႐ြက္တဲ့အရာရွိ၊ စစ္သည္မ်ားကိုလည္း ဥပေဒအရ အေရးယူလ်က္ရွိတယ္လုိ႔ ဗိုလ္ခ်ဳပ္စိုးႏုိင္ဦးက ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ ဆက်ဆံရေး ကောင်းမွန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆက်ဆံရေး အရမ်းကောင်းမွန် နေတယ်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ ခါင်းဆောင် ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ မြဝတီစာပေတိုက်မှာပြုလုပ်ခဲ့တဲ့ တပ်မတော်နဲ့ သတင်းမီဒီယာ ကောင်စီ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲမှာ ဗိုလ်ချုပ် စိုးနိုင်ဦးက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးက တစ်မျိုးသားလုံးနဲ့သက်ဆိုင်တာ ကြောင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်စေလိုပြီး ဥပဒေ နဲ့ မညီတဲ့ လုပ်ရပ်တွေ ဆောင်ရွက်တဲ့ အရာရှိ၊ စစ်သည်တွေကိုလည်း ဥပဒေအရ အရေးယူလျက်ရှိနေကာ နိုင်ငံတကာ ဥပဒေများ၊ သဘောတူညီ ချက်များကိုလည်း လေးစားလိုက်နာ ဆောင်ရွက်လျက် ရှိတယ်လို့ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောကြားခဲ့ပါတယ်။

တပ်မတော်ဟာ ဥပဒေနဲ့အညီသာ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဥပဒေ နဲ့ မညီတဲ့ လုပ်ရပ်မျာကို ဆောင်ရွက်တဲ့အရာရှိ၊ စစ်သည်များကိုလည်း ဥပဒေအရ အရေးယူလျက်ရှိတယ်လို့ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောခဲ့ပါတယ်။