ျမစ္ႀကီးနား ျမန္မာ-တ႐ုတ္ နယ္စပ္ဆက္ဆံေရး႐ုံး ဖြင့္လွစ္

0
748

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွာ ျမန္မာ-တ႐ုတ္ နယ္စပ္ဆက္ဆံေရး႐ုံးဖြင့္ပြဲကို မေန႔က မတ္လ ၆ ရက္မွာ က်င္းပပါတယ္။

ျပည္ထဲေရး ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္စိုး ဦးေဆာင္၊ တ႐ုတ္နိုင္ငံ အမ်ိဳးသားမူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးေကာ္မရွင္၊ အလုပ္အမႈေဆာင္ အတြင္းေရးမွဴးခ်ဳပ္၊ ျပည္သူ႔လုံၿခဳံေရး ဝန္ႀကီးဌာန၊ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးဗ်ဴ႐ို၊ ညႊန္ၾကားေရးမွဴးခ်ဳပ္ မစၥတာ လီယန္ ယြန္းနဲ႔ ကခ်င္ျပည္နယ္အစိုးရအဖြဲ႔က တာ၀န္ရွိသူေတြ တက္ေရာက္ၾကပါတယ္။

ျမန္မာ-တ႐ုတ္ နယ္စပ္ဆက္ဆံေရး႐ုံးေတြကို ျမန္မာနိုင္ငံမွာ လြယ္ဂ်ယ္၊ ခ်င္းေရႊေဟာ္၊ ေလာက္ကိုင္နဲ႔ မူဆယ္တို႔မွာ ဖြင့္လွစ္ခဲ့ၿပီးျဖစ္ပါတယ္။

အခု ထပ္မံဖြင့္လွစ္တဲ့ ျမန္မာ-တ႐ုတ္ နယ္စပ္ဆက္ဆံေရး႐ုံး (ျမစ္ႀကီးနား) က ကခ်င္ျပည္နယ္နဲ႔ တ႐ုတ္နိုင္ငံ၊ ယူနန္ ျပည္နယ္တို႔ၾကား နယ္စပ္ေဒသလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး၊ လက္နက္ေမွာင္ခိုမႈေတြ၊ ေငြစကၠဴအတု ျပဳလုပ္မႈေတြ တားဆီး ႏွိမ္နင္းေရး ပိုမိုျမႇင့္တင္ေဆာင္ရြက္နိုင္ဖို႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြစ်ကြီးနား မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံးဖွင့်ပွဲကို မနေ့က မတ်လ ၆ ရက်မှာ ကျင်းပပါတယ်။

ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး ဦးဆောင်၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်၊ အလုပ်အမှုဆောင် အတွင်းရေးမှူးချုပ်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ လီယန် ယွန်းနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံးတွေကို မြန်မာနိုင်ငံမှာ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ မူဆယ်တို့မှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။

အခု ထပ်မံဖွင့်လှစ်တဲ့ မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံး (မြစ်ကြီးနား) က ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်တို့ကြား နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ လက်နက်မှောင်ခိုမှုတွေ၊ ငွေစက္ကူအတု ပြုလုပ်မှုတွေ တားဆီး နှိမ်နင်းရေး ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

?bph6