မက္ကဆီကို ကျင်းပမယ့် စက်ရုပ်ပြိုင်ပွဲ မြန်မာလူငယ်တွေသွားရောက် ယှဉ်ပြိုင်မယ် (ရုပ်/သံ)

0
727







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကိုနိုင်ငံမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံက လူငယ်တွေ ပါဝင်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

၂၀၁၈ခုနှစ် သြဂုတ်လအတွင်း မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမှာကျင်းပမယ့် အပြည်ပြည်ဆိုင်ရာစက်ရုပ်ပြိုင်ပွဲ
မှာ မြန်မာနိုင်ငံက လူငယ်တွေပါဝင်ယှဉ်ပြိုင်ဖို့ ဖန်တီးရာအဖွဲ့ကနေမြန်မာနိုင်ငံကိုယ်စားပြုအသင်းကိုစေလွှတ်ဖို့
လူရွှေးချယ်မှုတွေ စတင်နေပြီဖြစ်ပါတယ်။

Soundbite – ကိုထူးထက်ဝေ(Makerspace Manger) ဖန်တီးရာအဖွဲ့

အဲ့ဒီလိုပါဝင်ယှဉ်ပြိုင်ဖို့အတွက် လူရွေးချယ်ရာမှာ အသက်(၁၄)နှစ်ကနေ(၁၈)နှစ်ကြား Mechanical Design ပိုင်း၊Electronics ပိုင်းနဲ့ Programe ပိုင်းတွေမှာ အရည်အချင်းပြည့်မှီတဲ့ လူငယ်ငါးဦးကိုရွှေးချယ်ပြီး မြန်မာနိုင်ငံကိုစားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Soundbite – ကိုမြင့်မြတ်ဇော်(Makerspace Associate) ဖန်တီးရာအဖွဲ့

၂၀၁၇ခုနှစ်က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာစက်ရုပ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း (၁၅၇) နိုင်ငံ
ပြိုင်ပွဲဝင်ခဲ့ပြီး ဖန်တီးရာအဖွဲ့ကရွေးချယ်စေလွှတ်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအသင်းက တစ်ကမ္ဘာလုံးမှာ အဆင့်(၆) ရရှိခဲ့ပါတယ်ခင်ဗျာ။

?bph6