သက္ငယ္မုဒိမ္းမႈေတြ ေသဒဏ္ေပးေရး စစ္တမ္းေကာက္ ေတာင္းဆိုမယ္ (႐ုပ္/သံ)

0
747

သက္ငယ္မုဒိန္းေတြကို ေသဒဏ္မေပးမခ်င္း လူထုရဲ႕ေထာက္ခံခ်က္ေတြကို စစ္တမ္းေကာက္ယူၿပီး အစိုးရကို ေတာင္းဆိုသြားမယ္လို႔ အျဖဴေရာင္မာတာအသင္း တည္ေထာင္သူ ေဒၚလီလိီႏိုင္ေက်ာ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္ခင္ဗ်ာ။

လူသတ္မုဒိန္းမႈေတြနဲ႔ သက္ငယ္မုဒိန္းမႈေတြကို ေသဒဏ္မေပးမခ်င္း လူထုရဲ႕ေသဒဏ္ေပးေရးေထာက္ခံခ်က္ လက္မွတ္ေတြကို စစ္တမ္းေကာက္ယူျပီး အစိုးရကို ေတာင္းဆိုသြားမွာ ျဖစ္တယ္လို႔ အျဖဴေရာင္မာတာ (ခ်ိဳ႕တဲ႔သူ ဗုဒၶဘာသာျမန္မာတိုင္းရင္းသားမီးဖြားမႈ ကူညီေစာင္႔ေရွာက္ေရး)အသင္း တည္ေထာင္သူ ေဒၚလီလီႏိုင္ေက်ာ္က ေျပာပါတယ္။

ေဖေဖာ္၀ါရီလ(၂၅)ရက္ေန႔က ရန္ကုန္တိုင္းေဒသၾကီး သဃၤန္းကၽြန္းၿမိဳ႕နယ္မွာျပဳလုပ္တဲ႔ လူသတ္မုဒိန္းနဲ႔ သက္ငယ္မုဒိန္းမႈေတြကို ေသဒဏ္ေပးမယ္႔ ဥပေဒျပဌာန္းေပးဖို႔ ေထာက္ခံတဲ႔ ျပည္သူေတြရဲ႕ လက္မွတ္ေတြေကာက္ခံခဲ႔ တာပါ။

Soundbite – ေဒၚလီလီႏိုင္ေက်ာ္(တည္ေထာင္သူ) အျဖဴေရာင္မာတာအသင္း

လူသတ္မုဒိန္းမႈေတြနဲ႔ သက္ငယ္မုဒိန္းမႈေတြကို ေသဒါဏ္ေပးဖို႔ အတြက္ တိုင္းနဲ႔ျပည္နယ္အလိုက္ျပည္သူေတြရဲ႕ ေထာက္ခံလက္မွတ္ေတြေကာက္ခံေနတာျဖစ္ျပီး အဲ႔ဒီလက္မွတ္ေတြနဲ႔ လႊတ္ေတာ္ေလးရပ္လံုးကို တင္ျပေတာင္းဆိုသြားမွာပါ။

Soundbite – ေဒၚလွလွေဌး(ျပည္သူတစ္ဦး)

ျပီးခဲ႔တဲ႔ ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံလံုးအတိုင္းအတာနဲ႔ အသက္(၁၆)ႏွစ္ေအာက္ သက္ငယ္မုဒိန္းမႈ(၈၉၇)မႈ၊ အသက္(၁၆)ႏွစ္အထက္ မုဒိန္းမႈ(၅၀၈)မႈျဖစ္ပြားခဲ႔ၿပီး စုစုေပါင္း (၁၄၀၅)မႈ ျဖစ္ပြားခဲ႔ပါတယ္။ ၂၀၁၆ ခုႏွစ္ထက္ ၂၀၁၇ ခုႏွစ္မွာ မုဒိန္းမႈေပါင္း (၃၀၅)မႈ တိုးလာခဲ႔တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သက်ငယ်မုဒိန်းတွေကို သေဒဏ်မပေးမချင်း လူထုရဲ့ထောက်ခံချက်တွေကို စစ်တမ်းကောက်ယူပြီး အစိုးရကို တောင်းဆိုသွားမယ်လို့ အဖြူရောင်မာတာအသင်း တည်ထောင်သူ ဒေါ်လီလိီနိုင်ကျော်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်ခင်ဗျာ။

လူသတ်မုဒိန်းမှုတွေနဲ့ သက်ငယ်မုဒိန်းမှုတွေကို သေဒဏ်မပေးမချင်း လူထုရဲ့သေဒဏ်ပေးရေးထောက်ခံချက် လက်မှတ်တွေကို စစ်တမ်းကောက်ယူပြီး အစိုးရကို တောင်းဆိုသွားမှာ ဖြစ်တယ်လို့ အဖြူရောင်မာတာ (ချို့တဲ့သူ ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသားမီးဖွားမှု ကူညီစောင့်ရှောက်ရေး)အသင်း တည်ထောင်သူ ဒေါ်လီလီနိုင်ကျော်က ပြောပါတယ်။

ဖေဖော်ဝါရီလ(၂၅)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်မှာပြုလုပ်တဲ့ လူသတ်မုဒိန်းနဲ့ သက်ငယ်မုဒိန်းမှုတွေကို သေဒဏ်ပေးမယ့် ဥပဒေပြဌာန်းပေးဖို့ ထောက်ခံတဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေကောက်ခံခဲ့ တာပါ။

Soundbite – ဒေါ်လီလီနိုင်ကျော်(တည်ထောင်သူ) အဖြူရောင်မာတာအသင်း

လူသတ်မုဒိန်းမှုတွေနဲ့ သက်ငယ်မုဒိန်းမှုတွေကို သေဒါဏ်ပေးဖို့ အတွက် တိုင်းနဲ့ပြည်နယ်အလိုက်ပြည်သူတွေရဲ့ ထောက်ခံလက်မှတ်တွေကောက်ခံနေတာဖြစ်ပြီး အဲ့ဒီလက်မှတ်တွေနဲ့ လွှတ်တော်လေးရပ်လုံးကို တင်ပြတောင်းဆိုသွားမှာပါ။

Soundbite – ဒေါ်လှလှဌေး(ပြည်သူတစ်ဦး)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ အသက်(၁၆)နှစ်အောက် သက်ငယ်မုဒိန်းမှု(၈၉၇)မှု၊ အသက်(၁၆)နှစ်အထက် မုဒိန်းမှု(၅၀၈)မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း (၁၄၀၅)မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်မှာ မုဒိန်းမှုပေါင်း (၃၀၅)မှု တိုးလာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

?bph6