စစ္ေတြၿမိဳ႕ ေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး သံသယရွိသူ ၄ ဦးကို ေခၚယူစစ္ေဆး

0
823

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ မနက္ပိုင္းကျဖစ္ပြားခဲ့တဲ့ လက္လုပ္မိုင္း သံုးလံုးေပါက္ကြဲခဲ့တာနဲ႔ ပတ္သက္လို႔ သံသယရွိသူ ၄ ဦးကို ရဲတပ္ဖြဲ႕က စစ္ေဆးမႈေတြ ေဆာင္ရြက္ေနပါတယ္။

ဖမ္းဆီးခံထားရသူေတြကေတာ့ ရခိုင္အမ်ိဳးသားေကာင္စီ ANC ဗဟိုေကာ္မတီဝင္ ကိုႏိုင္စိုး ဓညဝတီရပ္ကြက္ ကိုသန္းေရႊ ကိုေရႊထြန္းေအာင္ လမ္းသစ္ရပ္ကြက္ ေမာင္ဦးျမင့္ ကန္ေတာ္ႀကီး ရပ္ကြက္တို႔ျဖစ္ပါတယ္။

အဲဒီလူေတြကို မေန႔ညေန ၆ နာရီေက်ာ္မွာ ရဲတပ္ဖြဲ႕က ေမးျမန္းစရာေတြရွိတယ္ဆိုၿပီး ေခၚယူ သြားတာျဖစ္တယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

ဖမ္းဆီးခံထားရသူေတြကို ျပစ္မႈမေပၚေပါက္တဲ့အတြက္ ျပန္လည္လႊတ္ေပးဖို႔ မိသားစုေတြက ေတာင္းဆိုထား ေပမယ့္ စစ္ေတြၿမိဳ႕နယ္တရားရံုးမွာ ရမန္ယူသြားမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၄ ဦးကို ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ လက်လုပ်မိုင်း သုံးလုံးပေါက်ကွဲခဲ့တာနဲ့ပတ်သက်လို့ သံသယရှိသူ ၄ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။

ဖမ်းဆီးခံထားရသူတွေကတော့ ရခိုင်အမျိုးသားကောင်စီ ANC ဗဟိုကော်မတီဝင် ကိုနိုင်စိုး ဓညဝတီရပ်ကွက် ကိုသန်းရွှေ ကိုရွှေထွန်းအောင် လမ်းသစ်ရပ်ကွက် မောင်ဦးမြင့် ကန်တော်ကြီး ရပ်ကွက်တို့ဖြစ်ပါတယ်။

အဲဒီလူတွေကို မနေ့ညနေ ၆ နာရီကျော်မှာ ရဲတပ်ဖွဲ့က မေးမြန်းစရာတွေရှိတယ်ဆိုပြီး ခေါ်ယူ သွားတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ပြစ်မှုမပေါ်ပေါက်တဲ့အတွက် ပြန်လည်လွှတ်ပေးဖို့ မိသားစုတွေက တောင်းဆိုထား ပေမယ့် စစ်တွေမြို့နယ်တရားရုံးမှာ ရမန်ယူသွားမှာဖြစ်ပါတယ်။