စစ္ေတြၿမိဳ႕ေပၚမွာ ေပါက္ကြဲမႈေတြ ျဖစ္

0
234

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ေပၚမွာ ဒီေန႔ ေဖေဖာ္ဝါရီ ၂၄ ရက္ မနက္ ၄ နာရီေက်ာ္မွာ ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့ပါတယ္။

ျပည္ေတာ္သာရပ္ကြက္ရွိ ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္ေရွ႕ လွ်ပ္စစ္ မီးအားျမွင့္စက္ေနရာ၊ ႐ႈခင္းသာလမ္းဘက္ရွိ ရခိုင္ျပည္နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန ညႊန္ၾကားေရးမွဴး၊ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးတင္ေမာင္ေဆြ ေနအိမ္ အေနာက္ဘက္ ေနရာေတြနဲ႔ ေျမစာရင္း႐ံုးေရွ႕တို႔မွာ ဗံုးေပါက္ကြဲခဲ့တာ ျဖစ္ပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ဦးတင္ေမာင္ေဆြ ေနအိမ္ရဲ႕ ၿခံစည္း႐ိုး သံတံခါး လြင့္ထြက္သြားၿပီး ကားမွန္ေတြနဲ႔ ေနအိမ္က မွန္တခ်ိဳ႕ ကြဲသြားခဲ့ပါတယ္။ မေပါက္ကြဲေသးတဲ့ ဗံုး ၂ လံုးလည္း ေတြ႕ရၿပီး ရဲတပ္ဖြဲ႔နဲ႔ တပ္မေတာ္က ရွင္းလင္းမႈေတြ လုပ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့ပေါ်မှာ ပေါက်ကွဲမှုတွေ ဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၄ နာရီကျော်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြည်တော်သာရပ်ကွက်ရှိ ရခိုင်ပြည်နယ် တရားလွှတ်တော်ရှေ့ လျှပ်စစ် မီးအားမြှင့်စက်နေရာ၊ ရှုခင်းသာလမ်းဘက်ရှိ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ နေအိမ် အနောက်ဘက် နေရာတွေနဲ့ မြေစာရင်းရုံးရှေ့တို့မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ဦးတင်မောင်ဆွေ နေအိမ်ရဲ့ ခြံစည်းရိုး သံတံခါး လွင့်ထွက်သွားပြီး ကားမှန်တွေနဲ့ နေအိမ်က မှန်တချို့ ကွဲသွားခဲ့ပါတယ်။ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးလည်း တွေ့ရပြီး ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ရှင်းလင်းမှုတွေ လုပ်နေပါတယ်။