World Press Photo ၿပိဳင္ပြဲ ထိပ္တန္းဓာတ္ပံုေတြထဲမွာ ေလွေမွာက္ေသဆံုးတဲ့ မြတ္စလင္ေတြ ဓာတ္ပံုလည္း ပါဝင္

0
189

2018 World Press Photo ၿပိဳင္ပြဲ အတြက္ အဆိုျပဳခံရတဲ့ ဓာတ္ပံုေတြမွာ ရခိုင္ျပည္နယ္ကေန ေနရပ္စြန္႔ခြာစဥ္ ေလွေမွာက္ ေသဆံုးသူေတြကို ႐ိုက္ကူးထားတဲ့ ဓာတ္ပံုက ထိပ္တန္းစာရင္းထဲမွာ ပါေနပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္ကို ေလွနဲ႔ ျဖတ္ကူးစဥ္ ေလွေမွာက္ၿပီး ေသဆံုးသူေတြရဲ႕ ဓာတ္ပံုကို ႐ိုက္ကူးသူကေတာ့ ၾသစေၾတးလ် ဓာတ္ပံုဆရာ ပက္ထရစ္ ဘေရာင္း ျဖစ္ပါတယ္။

သူ႔ဓာတ္ပံုေတြကို နယူးေယာ္ကာ၊ တိုင္းမ္၊ နယူးစ္ဝိခ္၊ ေနရွင္နယ္ ဂ်ီယိုဂရပ္ဖစ္၊ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ (HRW)၊ ၾကက္ေျခနီအဖြဲ႔တို႔က သံုးစြဲေဖာ္ျပၾကပါတယ္။ ကမာၻတစ္ဖက္မွာ ဘာေတြျဖစ္ေနလဲဆိုတာ လူေတြသိဖို႔လိုတဲ့အတြက္ ဒီဓာတ္ပံုဟာ အေရးႀကီးပါတယ္လို႔ သူက ေျပာပါတယ္။

အခုႏွစ္အတြက္ (၆၁) ႀကိမ္ေျမာက္ World Press Photo ၿပိဳင္ပြဲမွာ ပထမ၊ ဒုတိယ၊ တတိယဆုရသူေတြကို လာမယ့္ ဧၿပီလ ၁၂ ရက္ေန႔ နယ္သာလန္ႏိုင္ငံ၊ အမ္စတာဒမ္ၿမိဳ႕မွာ က်င္းပမယ့္ ဓာတ္ပံုျပပြဲမွာ ေၾကညာမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

World Press Photo ပြိုင်ပွဲ ထိပ်တန်းဓာတ်ပုံတွေထဲမှာ လှေမှောက်သေဆုံးတဲ့ မွတ်စလင်တွေ ဓာတ်ပုံလည်း ပါဝင်

2018 World Press Photo ပြိုင်ပွဲ အတွက် အဆိုပြုခံရတဲ့ ဓာတ်ပုံတွေမှာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာစဉ် လှေမှောက် သေဆုံးသူတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံက ထိပ်တန်းစာရင်းထဲမှာ ပါနေပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေနဲ့ ဖြတ်ကူးစဉ် လှေမှောက်ပြီး သေဆုံးသူတွေရဲ့ ဓာတ်ပုံကို ရိုက်ကူးသူကတော့ သြစတြေးလျ ဓာတ်ပုံဆရာ ပက်ထရစ် ဘရောင်း ဖြစ်ပါတယ်။ သူ့ဓာတ်ပုံတွေကို နယူးယော်ကာ၊ တိုင်းမ်၊ နယူးစ်ဝိခ်၊ နေရှင်နယ် ဂျီယိုဂရပ်ဖစ်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)၊ ကြက်ခြေနီအဖွဲ့တို့က သုံးစွဲဖော်ပြကြပါတယ်။ ကမ္ဘာတစ်ဖက်မှာ ဘာတွေဖြစ်နေလဲဆိုတာ လူတွေသိဖို့လိုတဲ့အတွက် ဒီဓာတ်ပုံဟာ အရေးကြီးပါတယ်လို့ သူက ပြောပါတယ်။

အခုနှစ်အတွက် (၆၁) ကြိမ်မြောက် World Press Photo ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယဆုရသူတွေကို လာမယ့် ဧပြီလ ၁၂ ရက်နေ့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ ကျင်းပမယ့် ဓာတ်ပုံပြပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။

?bph6