ဗိုလ်ချုပ်မွေးနေ ပဲပြုတ်နံပြားနဲ့ စွတ်ပြုတ် စတုဒီသာကြွေး (ရုပ်/သံ)

0
360







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ချုပ်အောင်ဆန်း ၁၀၃ နှစ်မြောက်မွေနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပဲပြုတ်နံပြားနဲ့ဝက်စွတ်ပြုတ်တွေကို အမျိုးသားရေးလှုပ်ရှားသူတွေက စတုဒီသာကျွေးခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

သမိုင်းကို ပြန်လေ့လာကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားဘဝတည်းက ဝက်စွတ်ပြုတ်ကို ကြိုက်တာကြောင့် နံပြားနဲ့ဝက်စွတ်ပြုတ်ကို အမျိုးသားရေးလှုပ်ရှားသူတွေက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ဘင်္ဂလားကျောင်းတိုက်မှာ ဗိုလ်ချုပ်အောင်ဆန်း (၁၀၃) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် စတုဒီသာကျွေးမွေးခဲ့တာဖြစ်ပါတယ်။

Soundbite – ကိုသက်မျိုးဦး (အမျိုးသားရေးလှုပ်ရှားသူ)

လာရောက်သုံးဆောင် စားသုံးသူတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်တဲ့ မေးခွန်းတွေမေးမြန်းခဲ့ကြပြီး အဖြေမှန်သူတွေကို အမှတ်တရ တီရှပ်လက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။

Soundbite – ကိုလင်းညီညာ (ပွဲစီစဉ်သူ)

ဒီစတုဒီသာကျွေးမွေးပွဲမှာ အဝစားတာ ကောင်းတာနဲ့ အဝစားတာ မကောင်းတာကို အပြန်အလှန် ငြင်းခုန်ဆွေးနွေးပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်ခင်ဗျာ။

?bph6