
0
70





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နတ်မောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်ပြတိုက်ကို လာရောက်လေ့လာသူတွေ များပြား

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်ပြတိုက်ကို လာရောက်လေ့လာသူတွေ များပြားခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနှစ်ဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ အများအပြား လာရောက်လေ့လာခဲ့ကြတာပါ။

မနက်ပိုင်းတစ်ခုတည်းမှာတင် လေ့လာသူ ၅၀ဝ ကျော်လောက်ရှိခဲ့တယ်လို့ နတ်မောက်သတင်းထောက် ဦးလှဝင်းက ပြောပါတယ်။

လေ့လာသူတွေအနေနဲ့ ဗိုလ်ချုပ်နေအိမ် အပေါ်ထပ်ရှိ မှတ်တမ်း ဓါတ်ပုံတွေနဲ့ ဗိုလ်ချုပ်ရဲ့ မိဘတွေရဲ့ မိသားစုအခန်းတွေကို လေ့လာကြည့်ရှုတာ၊ ဗိုလ်ချုပ် ရုပ်ထုနဲံအတူ အမှတ်တရ ဓာတ်ပုံ ရိုက်တာတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

?bph6