၉ ႏွစ္အရြယ္ မိန္းကေလးကို သားမယားျပဳက်င့္ မရလို႔ သတ္ျဖတ္

0
153

အသက္ ၉ ႏွစ္အရြယ္ မိန္းကေလးကို သားမယားအျဖစ္ ျပဳက်င့္ဖို႔ ႀကိဳးစားစဥ္ ေအာ္ဟစ္ ငိုယိုလို႔  လည္ပင္းညွစ္ သတ္ျဖတ္မႈျဖစ္ပြားခဲ့ပါတယ္။

ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔၊ ေန႔လယ္ပိုင္းက တပ္ကုန္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး ကားလမ္းေဟာင္း မိုင္တိုင္ (၂၇၃/၃-၄) ၾကားရွိ လူမေနတဲ့ ယာေျမတဲအတြင္း ျဖစ္ပြားခဲ့တာပါ။ စစ္ေဆး ေတြ႔ရွိခ်က္ေတြအရ ျပစ္မႈက်ဴးလြန္သူ ကိုပို (ခ) တင္ေရႊ (၄၃) ႏွစ္ဟာ ေသဆုံးသူ မxxxxxxx ကို တဲအတြင္းကို ေရသန္႔ဗူးခြံ ဝင္ေကာက္မယ္လို႔ ေခ်ာ့ေမာ့ေျပာဆိုကာ ေခၚေဆာင္ခဲ့ၿပီး သားမယား ျပဳက်င့္ဖို႔ ႀကိဳးစားစဥ္ မxxxxx က ေအာ္ဟစ္ငိုယိုေနတာေၾကာင့္ မေအာ္နိုင္ရန္ လည္ပင္းအား ညႇစ္စဥ္ ေသဆုံးခဲ့တာပါ။

ဒါေၾကာင့္ ကိုပို (ခ) တင္ေရႊ (၄၃) ႏွစ္က အနီးမွာ ေတြ႕ရတဲ့ ဇာပုဝါနဲ႔ မxxxxx လည္ပင္းကို ခ်ည္ေႏွာင္ထားခဲ့တာလို႔ စစ္ေဆးမႈေတြကို ေျဖဆိုခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ေသဆံုးသူရဲ႕ လည္ပင္းမွာ မိန္းမသုံးပုဝါ ရစ္ပတ္လ်က္ လၽွာထြက္၊ ပါးစပ္၊ ႏွာေခါင္းေသြးထြက္ ဒဏ္ရာေတြ ေတြ႔ရတယ္လို႔လည္း ရဲတပ္ဖြဲ႔ရဲ႕ စစ္ေဆးမႈေတြမွာ ေတြ႔ရတာပါ။

ဒါေၾကာင့္ ကိုပို (ခ) တင္ေရႊ (၄၃) ႏွစ္ကို တပ္ကုန္းၿမိဳ႕မရဲစခန္း (ပ)၄၄/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မွု) နဲ႔ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

၉ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့် မရလို့ သတ်ဖြတ်

အသက် ၉ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ဖို့ ကြိုးစားစဉ် အော်ဟစ် ငိုယိုလို့  လည်ပင်းညှစ် သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နေ့လယ်ပိုင်းက တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် (၂၇၃/၃-၄) ကြားရှိ လူမနေတဲ့ ယာမြေတဲအတွင်း ဖြစ်ပွားခဲ့တာပါ။ စစ်ဆေး တွေ့ရှိချက်တွေအရ ပြစ်မှုကျူးလွန်သူ ကိုပို (ခ) တင်ရွှေ (၄၃) နှစ်ဟာ သေဆုံးသူ မxxxxxxx ကို တဲအတွင်းကို ရေသန့်ဗူးခွံ ဝင်ကောက်မယ်လို့ ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယား ပြုကျင့်ဖို့ ကြိုးစားစဉ် မxxxxx က အော်ဟစ်ငိုယိုနေတာကြောင့် မအော်နိုင်ရန် လည်ပင်းအား ညှစ်စဉ် သေဆုံးခဲ့တာပါ။

ဒါကြောင့် ကိုပို (ခ) တင်ရွှေ (၄၃) နှစ်က အနီးမှာ တွေ့ရတဲ့ ဇာပုဝါနဲ့ မxxxxx လည်ပင်းကို ချည်နှောင်ထားခဲ့တာလို့ စစ်ဆေးမှုတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် သေဆုံးသူရဲ့ လည်ပင်းမှာ မိန်းမသုံးပုဝါ ရစ်ပတ်လျက် လျှာထွက်၊ ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေမှာ တွေ့ရတာပါ။

ဒါကြောင့် ကိုပို (ခ) တင်ရွှေ (၄၃) နှစ်ကို တပ်ကုန်းမြို့မရဲစခန်း (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတာဖြစ်ပါတယ်။

?bph6