႐ိုးရာျမန္မာလက္ရာ ျပပြဲ သံုးရက္ၾကာ ျပသ (႐ုပ္/သံ)

0
814

မ်ိဳးဆက္သစ္လူငယ္ေတြ ႐ိုးရာလက္မႈအႏုပညာေတြကို တန္ဖိုးထားေစာင့္ေရွာက္ႏိုင္ဖို႔ ရည္ရြယ္ၿပီး ျမန္မာ့လက္ရာျပပြဲကုိ ရန္ကုန္ၿမိဳ႕ စိမ္းလန္းစုိေျပဥယ်ာဥ္မွာ သုံးရက္ၾကာ ျပသခဲ့ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ေကသြယ္ကေပးပို႔ထားပါတယ္။

ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ဦးေဆာင္ၿပီး ျမန္မာ့လက္ရာပြဲေတာ္ကုိ ရန္ကုန္ၿမိဳ႕ စိမ္းလန္းစုိေျပဥယ်ာဥ္မွာ ေဖေဖာ္၀ါရီလ ၁၁ရက္ေန႔ကေန ၁၃ရက္ေန႔အထိ မတူကြဲျပားတဲ့ တုိင္းရင္းသားတုိ႔ရဲ႕ ထူးျခားတဲ့ ရုိးရာလက္မႈအနုပညာေတြကုိ ျပသခဲ့တာပါ။

မ်ိဳးဆက္သစ္လူငယ္ေတြတန္ဖုိးထားသိမ္းထိန္း ေစာင့္ေရွာက္ေစႏုိင္ေစဖုိ႔နဲ႔ ယဥ္ေက်းမႈအေမြအႏွစ္ေတြရွိရာ ျပည္တြင္းျပည္ပခရီးသြား ဧည့္သည္ေတြ လာေရာက္ေလ့လာနုိင္ေစဖုိ႔ အသိပညာေပး လုပ္ငန္းေတြကုိလည္း လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

Sound Bite ေဒၚစႏၵာခင္ (ဥကၠ႒)
ျမန္မာ့ယဥ္ေက်းမႈ အေမြအႏွစ္မ်ားထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕

ဒါ့အျပင္ တုိင္းရင္းသားေတြရဲ႕ အေသးစားနဲ႕ အလတ္စားစီးပြားေရးလုပ္ငန္းေတြ ဖြံ႔ၿဖိဳးတုိးတက္ေစဖို႔အပါအ၀င္ ေဒသခံတုိင္းရင္းသားေတြရဲ႕ လႈမႈဘ၀ေတြဖြံ႔ၿဖိဳးတုိးတက္ေစဖို႔နဲ႔ ျမန္မာ့လက္မႈ အ၀တ္အထည္ေတြ ေစ်းကြက္ပိုမုိရရွိေစဖို႔ ရည္ရြယ္ျပသတာလည္း ျဖစ္ပါတယ္။

Sound Bite ေဒၚခင္၀င္းႀကည္ (ကထိက / ဌာနမွဴး)
အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန (ေဆာင္းဒါးရက္ကန္းႏွင့္အသက္ေမြးပညာသိပၸံ)

ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕အေနနဲ႔လည္း အခုႏွစ္ကစတင္ၿပီး ျမန္မာ့ ၁၂ လရာသီ ပြဲေတာ္အပါအ၀င္ တိုင္းရင္းသားရုိးရာပြဲေတာ္ေတြမွာ အခုလုိလက္မႈအနုပညာေတြကုိ စဥ္ဆက္မျပတ္ျပသသြားမွာျဖစ္ပါတယ္။ ဒီျပပြဲမွာ ကခ်င္ရုိးရာဂ်ပ္ခုတ္၊ ရခုိင္ရုိးရာေရႊပန္းထိမ္၊ ျမန္မာ့ယြန္း၊ ျမန္မာ့ရုိးရာေရႊဆုိင္းလုပ္ငန္း၊ အင္းေလးၾကာထည္နဲ႔ ပုိးထည္၊ အမရပူရခ်ည္ထည္နဲ႔ ပိုးထည္ လြန္းရာေက်ာ္ယကၠန္း၊ ပန္းခ်ီျပခန္းအပါအ၀င္ တုိင္းရင္းသားရုိးရာအသုံးအေဆာင္ပစၥည္းမ်ဳိးစုံနဲ႔ အစားအေသာက္ေတြကိုလည္း ပါ၀င္ျပသခဲ့ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မျိုးဆက်သစ်လူငယ်တွေ ရိုးရာလက်မှုအနုပညာတွေကို တန်ဖိုးထားစောင့်ရှောက်နိုင်ဖို့ ရည်ရွယ်ပြီး မြန်မာ့လက်ရာပြပွဲကို ရန်ကုန်မြို့ စိမ်းလန်းစိုပြေဥယျာဉ်မှာ သုံးရက်ကြာ ပြသခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ကေသွယ်ကပေးပို့ထားပါတယ်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး မြန်မာ့လက်ရာပွဲတော်ကို ရန်ကုန်မြို့ စိမ်းလန်းစိုပြေဥယျာဉ်မှာ ဖေဖော်ဝါရီလ ၁၁ရက်နေ့ကနေ ၁၃ရက်နေ့အထိ မတူကွဲပြားတဲ့ တိုင်းရင်းသားတို့ရဲ့ ထူးခြားတဲ့ ရိုးရာလက်မှုအနုပညာတွေကို ပြသခဲ့တာပါ။

မျိုးဆက်သစ်လူငယ်တွေတန်ဖိုးထားသိမ်းထိန်း စောင့်ရှောက်စေနိုင်စေဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေရှိရာ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေ လာရောက်လေ့လာနိုင်စေဖို့ အသိပညာပေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Sound Bite ဒေါ်စန္ဒာခင် (ဥက္ကဋ္ဌ)
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

ဒါ့အပြင် တိုင်းရင်းသားတွေရဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အပါအဝင် ဒေသခံတိုင်းရင်းသားတွေရဲ့ လှုမှုဘဝတွေဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မြန်မာ့လက်မှု အဝတ်အထည်တွေ ဈေးကွက်ပိုမိုရရှိစေဖို့ ရည်ရွယ်ပြသတာလည်း ဖြစ်ပါတယ်။

Sound Bite ဒေါ်ခင်ဝင်းကြည် (ကထိက / ဌာနမှူး)
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ)

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေနဲ့လည်း အခုနှစ်ကစတင်ပြီး မြန်မာ့ ၁၂ လရာသီ ပွဲတော်အပါအဝင် တိုင်းရင်းသားရိုးရာပွဲတော်တွေမှာ အခုလိုလက်မှုအနုပညာတွေကို စဉ်ဆက်မပြတ်ပြသသွားမှာဖြစ်ပါတယ်။ ဒီပြပွဲမှာ ကချင်ရိုးရာဂျပ်ခုတ်၊ ရခိုင်ရိုးရာရွှေပန်းထိမ်၊ မြန်မာ့ယွန်း၊ မြန်မာ့ရိုးရာရွှေဆိုင်းလုပ်ငန်း၊ အင်းလေးကြာထည်နဲ့ ပိုးထည်၊ အမရပူရချည်ထည်နဲ့ ပိုးထည် လွန်းရာကျော်ယက္ကန်း၊ ပန်းချီပြခန်းအပါအဝင် တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းမျိုးစုံနဲ့ အစားအသောက်တွေကိုလည်း ပါဝင်ပြသခဲ့ပါတယ်ရှင်။

?bph6