လယ္သမားေတြနဲ႔ ငါးလုပ္ငန္းပူးေပါင္းျပီး ဧက တစ္ေသာင္းငါးေမြးမယ္ (႐ုပ္/သံ)

0
337

ကြမ္းၿခံကုန္းၿမိဳ႕နယ္ လယ္သမားေတြနဲ႔ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္တို႔ ပူးေပါင္းၿပီး ဧက တစ္ေသာင္းမွာ ငါးေမြးျမဴေရး လုပ္ေဆာင္သြားဖို႔ရွိေနတယ္လို႔ ငါးလုပ္ငန္းဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ငါး၊ ပုဇြန္၊ ဂဏန္း ေမြးျမဴေရးဖြံ႔ၿဖိဳးေရးက႑ကို ငါးလုပ္ငန္းဦးစီးဌာနနဲ႔ ဂ်ာမနီႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈအဖြဲ႔ GIZ တို႔ပူးေပါင္းၿပီး ငါးႏွစ္တာစီမံကိန္းအျဖစ္ ၂၀၁၇ ကေန ၂၀၂၂ အထိ လုပ္ေဆာင္ေနတာပါ။

ရန္ကုန္တိုင္းေဒသႀကီး ကြမ္းၿခံကုန္းၿမိဳ႕နယ္က ဆားငံေရဝင္ေရာက္တဲ႔ လယ္ေျမေတြမွာ လယ္ယာလုပ္ ငန္းလုပ္ကိုင္ဖို႔ အခက္အခဲေတြရွိေနတာေၾကာင့္ ဆားငန္ေရဝင္ေရာက္ေနတဲ႔ လယ္ေျမ ဧက တစ္ေသာင္းက လယ္သမားေတြနဲ႔ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႔တို႔ ပူးေပါင္းၿပီး ငါးေမြးျမဴေရး လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

Soundbite— ဦးထြန္းဝင္းျမင့္ (ညႊန္ၾကားေရးမွဴး) ရန္ကုန္တိုင္းေဒသႀကီးငါးလုပ္ငန္းဦးစီးဌာန

အဲဒီလို လယ္သမားေတြနဲ႔ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္တို႔ ပူးေပါင္းၿပီး ငါးေမြးျမဴေရးလုပ္ေဆာင္မယ့္ေနရာ မွာ လယ္ေျမပိုင္ဆိုင္မႈရွိတဲ႔ လယ္သမားေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေဆာင္ရြက္သြားဖို႔ရွိေနသလို လယ္ယာေျမ ပိုင္ဆိုင္မႈ မရွိတဲ႔ေနရာေတြကိုေတာ့ ရန္ကုန္တိုင္းေဒသႀကီးအစိုးရနဲ႔ စာခ်ဳပ္ခ်ဳပ္ဆို ေဆာင္ရြက္သြားဖို႔ရွိေနပါတယ္။

Soundbite— ဦးထြန္းဝင္းျမင့္ (ညႊန္ၾကားေရးမွဴး) ရန္ကုန္တိုင္းေဒသႀကီးငါးလုပ္ငန္းဦးစီးဌာန

အဲဒီလို လယ္သမားေတြနဲ႔ ပူးေပါင္းၿပီး ငါးေမြးျမဴေရးလုပ္ေဆာင္ဖို႔အတြက္ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္က က်ပ္ တစ္ဘီလီယံေက်ာ္ ရင္းႏွီးျမႈပ္ႏွံသြားမွာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကွမ်းခြံကုန်းမြို့နယ် လယ်သမားတွေနဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဧက တစ်သောင်းမှာ ငါးမွေးမြူရေး လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးဖွံ့ဖြိုးရေးကဏ္ဍကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ ဂျာမနီနိုင်ငံပူးပေါင်းဆောင်ရွက်မှုအဖွဲ့ GIZ တို့ပူးပေါင်းပြီး ငါးနှစ်တာစီမံကိန်းအဖြစ် ၂၀၁၇ ကနေ ၂၀၂၂ အထိ လုပ်ဆောင်နေတာပါ။

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်က ဆားငံရေဝင်ရောက်တဲ့ လယ်မြေတွေမှာ လယ်ယာလုပ် ငန်းလုပ်ကိုင်ဖို့ အခက်အခဲတွေရှိနေတာကြောင့် ဆားငန်ရေဝင်ရောက်နေတဲ့ လယ်မြေ ဧက တစ်သောင်းက လယ်သမားတွေနဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့တို့ ပူးပေါင်းပြီး ငါးမွေးမြူရေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Soundbite— ဦးထွန်းဝင်းမြင့် (ညွှန်ကြားရေးမှူး) ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန

အဲဒီလို လယ်သမားတွေနဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ငါးမွေးမြူရေးလုပ်ဆောင်မယ့်နေရာ မှာ လယ်မြေပိုင်ဆိုင်မှုရှိတဲ့ လယ်သမားတွေနဲ့ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်သွားဖို့ရှိနေသလို လယ်ယာမြေ ပိုင်ဆိုင်မှု မရှိတဲ့နေရာတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ စာချုပ်ချုပ်ဆို ဆောင်ရွက်သွားဖို့ရှိနေပါတယ်။

Soundbite— ဦးထွန်းဝင်းမြင့် (ညွှန်ကြားရေးမှူး) ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန

အဲဒီလို လယ်သမားတွေနဲ့ ပူးပေါင်းပြီး ငါးမွေးမြူရေးလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ကျပ် တစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။

?bph6