ရတနာပံု တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢကို ဗကသမ်ား အဖြဲ႕ခ်ဳပ္ကေန ထုတ္ပယ္

0
813

ပညာေရး အသံုးစရိတ္ တိုးျမွင့္ေရးအတြက္ ရတနာပံု တကၠသိုလ္မွာ ဆႏၵျပခဲ့တဲ့ ရတနာပံု တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢကို ဗကသမ်ား အဖြဲ႔ခ်ဳပ္က ထုတ္ပယ္ေၾကာင္း မေန႔က ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ရတနာပံုတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ စည္း႐ံုးေရး ေကာ္မတီတာဝန္ခံ ရဲမ်ိဳးေဆြကို ဗကသမ်ား အဖြဲ႔ခ်ဳပ္ကေန ရာသက္ပန္ ထုတ္ပယ္ေၾကာင္း၊ ေက်ာ္သီဟရဲေက်ာ္ ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္ရြက္ေနတဲ့ ရတနာပံု တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢကိုပါ ဗကသ အဖြဲ႔ခ်ဳပ္ကေန ထုတ္ပယ္ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုရဲမ်ိဳးေဆြဟာ ဗကသမ်ား အဖြဲ႔ခ်ဳပ္ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု စည္းမ်ဥ္းဥပေဒကို ခ်ိဳးေဖာက္ေၾကာင္း၊ ဘားအံၿမိဳ႕မွာ က်င္းပတဲ့ ေက်ာင္းသားထု ညီလာခံကိုလည္း ပြဲပ်က္ေစဖို႔ ရည္ရြယ္ခ်က္နဲ႔ သပိတ္ေမွာက္ထြက္ခြာခဲ့ေၾကာင္း၊ အမ်ားျပည္သူ ထင္ေယာင္ထင္မွားျဖစ္ေအာင္ တရားမဝင္ေၾကညာခ်က္ေတြ ထုတ္ျပန္တယ္လို႔ ဗကသမ်ား အဖြဲ႔ခ်ဳပ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဗကသများ အဖွဲ့ချုပ်ကနေ ထုတ်ပယ်

ပညာရေး အသုံးစရိတ် တိုးမြှင့်ရေးအတွက် ရတနာပုံ တက္ကသိုလ်မှာ ဆန္ဒပြခဲ့တဲ့ ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဗကသများ အဖွဲ့ချုပ်က ထုတ်ပယ်ကြောင်း မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ စည်းရုံးရေး ကော်မတီတာဝန်ခံ ရဲမျိုးဆွေကို ဗကသများ အဖွဲ့ချုပ်ကနေ ရာသက်ပန် ထုတ်ပယ်ကြောင်း၊ ကျော်သီဟရဲကျော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကိုပါ ဗကသ အဖွဲ့ချုပ်ကနေ ထုတ်ပယ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုရဲမျိုးဆွေဟာ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေကို ချိုးဖောက်ကြောင်း၊ ဘားအံမြို့မှာ ကျင်းပတဲ့ ကျောင်းသားထု ညီလာခံကိုလည်း ပွဲပျက်စေဖို့ ရည်ရွယ်ချက်နဲ့ သပိတ်မှောက်ထွက်ခွာခဲ့ကြောင်း၊ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် တရားမဝင်ကြေညာချက်တွေ ထုတ်ပြန်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ပြောပါတယ်။

?bph6