UNFC ဒုတိယအႀကိမ္ ပံုမွန္ ေကာင္စီအစည္းအေဝး ယာယီရပ္နား

0
966

ညီညြတ္ေသာ တုိင္းရင္းသားလူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC) ရဲ႕ ဒုတိယအႀကိမ္ ပံုမွန္ ေကာင္စီအစည္းအေဝးကို ယာယီရပ္နားလိုက္ေၾကာင္း သတင္းထုတ္ျပန္လာပါတယ္။

UNFC အဖြဲ႔၀င္ေတြျဖစ္တဲ့ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမုိကရက္တစ္အစည္းအ႐ံုး (LDU) တို႔ NCA လက္မွတ္ေရးထိုးဖို႔ ရွိတာေၾကာင့္ အစည္းအေ၀းကို ရပ္နားလိုက္တာပါ။

ဒီအစည္းအေ၀းကို ေဖေဖာ္၀ါရီလ ၁၀ ရက္ေန႔က စတင္ၿပီး က်င္းပေနတာျဖစ္ၿပီး ဒုတိယအႀကိ္မ္ပံုမွန္ ေကာင္စီအစည္းအေဝးကို အဖြဲ႔ဝင္အဖြဲ႔အစည္း (၂) ဖြဲ႔ NCA လက္မွတ္ေရးထုိးၿပီးတဲ့ေနာက္မွ ျပန္လည္စတင္သြားမယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

 အခုက်င္းပခဲ့တဲ့ UNFC ရဲ႕ ဒုတိယအႀကိမ္ ပံုမွန္ ေကာင္စီအစည္းအေဝးမွာေတာ့ မြန္ျပည္သစ္ပါတီ (NMSP)၊ ကရင္နီအမ်ိဳးသားတုိးတက္ေရးပါတီ (KNPP)၊ လားဟူဒီမုိကရက္တစ္အစည္းအ႐ံုး (LDU)၊ ႐ွမ္းျပည္တုိးတက္ေရးပါတီ (SSPP)၊ ရခုိင္ျပည္အမ်ိဳးသားေကာင္စီ (ANC) တုိ႔က ေကာင္စီဝင္ေတြအျပင္ ဆက္စပ္မဟာမိတ္အဖြဲ႔အစည္း ျဖစ္တဲ့ ကခ်င္လြတ္လပ္ေရးအဖြဲ႔ (KIO) က ကုိယ္စားလွယ္ေတြ တက္ေရာက္ခဲ့ၾကတာပါ။

လက္ရွိ အေျခအေနမွာေတာ့ (UNFC)  အဖြဲ႔၀င္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြထဲက မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမုိကရက္တစ္အစည္းအ႐ံုး (LDU) တို႔  ႏွစ္ဖြဲ႔က တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) မွာ လက္မွတ္ေရးထိုးဖို႔ရွိေနတာပါ။

ဒါေပမယ့္ ကရင္နီအမ်ိဳးသားတုိးတက္ေရးပါတီ (KNPP) ႐ွမ္းျပည္တုိးတက္ေရးပါတီ (SSPP)၊ ရခုိင္ျပည္အမ်ိဳးသားေကာင္စီ (ANC) စတဲ့ ၃ ဖြဲ႔ကေတာ့ NCA လက္မွတ္ေရထိုးႏိုင္ျခင္း မရွိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

UNFC ဒုတိယအကြိမ် ပုံမှန် ကောင်စီအစည်းအဝေး ယာယီရပ်နား

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ ဒုတိယအကြိမ် ပုံမှန် ကောင်စီအစည်းအဝေးကို ယာယီရပ်နားလိုက်ကြောင်း သတင်းထုတ်ပြန်လာပါတယ်။

UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA လက်မှတ်ရေးထိုးဖို့ ရှိတာကြောင့် အစည်းအဝေးကို ရပ်နားလိုက်တာပါ။

ဒီအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ကျင်းပနေတာဖြစ်ပြီး ဒုတိယအကြိ်မ်ပုံမှန် ကောင်စီအစည်းအဝေးကို အဖွဲ့ဝင်အဖွဲ့အစည်း (၂) ဖွဲ့ NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်မှ ပြန်လည်စတင်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အခုကျင်းပခဲ့တဲ့ UNFC ရဲ့ ဒုတိယအကြိမ် ပုံမှန် ကောင်စီအစည်းအဝေးမှာတော့ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တို့က ကောင်စီဝင်တွေအပြင် ဆက်စပ်မဟာမိတ်အဖွဲ့အစည်း ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

လက်ရှိ အခြေအနေမှာတော့ (UNFC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ နှစ်ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးဖို့ရှိနေတာပါ။

ဒါပေမယ့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) စတဲ့ ၃ ဖွဲ့ကတော့ NCA လက်မှတ်ရေထိုးနိုင်ခြင်း မရှိသေးပါဘူး။