
0
945

ရခိုင်အမျိုးသားကောင်စီ (ANC) အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ် မရေးထိုးနိုင်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်အမျိုးသားကောင်စီ NCA လက်မှတ် မရေးထိုးနိုင်သေးဟုဆို

ရခိုင်အမျိုးသားကောင်စီ (NCA) အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ် မရေးထိုးနိုင်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ရှိနေတဲ့ (NCA) လက်မှတ်ရေးထိုးမယ့် အခမ်းအနားမှာ ရခိုင်အမျိုးသားကောင်စီ ANC အနေနဲ့ လက်မှတ် ပါဝင် မရေးထိုးနိုင်တော့တာပါ။ ရခိုင်အမျိုးသားကောင်စီ ANC အနေနဲ့ တပ်ရှိခြင်း၊ မရှိခြင်းကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ပါဝင်မှု မရှိတော့တာလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာဆိုရင်တော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအဖွဲ့အစည်းအနေနဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ပဲ ပါဝင်တော့မှာဖြစ်ပါတယ်။