
0
726




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Withholding Tax မကောက်ခံတော့ဟု အစိုးရဆို

ဝင်ငွေခွန်ကို ကြိုတင်ကောက်ခံတဲ့ ပင်ရင်းက နုတ်ယူပေးသွင်းရတဲ့ အခွန် (Withholding Tax) ကို ကောက်ခံတော့မှာ မဟုတ်ဘူးလို့ အစိုးရက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ ပြည်ထောင်စု အခွန်အကောက်ဥပဒေဆိုင်ရာ အစိုးရ-ပုဂ္ဂလိက ဆွေးနွေးပွဲမှာ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ Withholding Tax ကောက်ခံမှုကို ပယ်ဖျက်ဖို့ အဆင့်ဆင့် တင်ပြဆောင်ရွက်နေကာ မကြာခင် လပိုင်းမှာ စတင်အကျိုးသက်ရောက်တော့မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကုန်သည်စက်မှုအသင်းချုပ် UMFCCI က သတင်းထုတ်ပြန်ထားပါတယ်။

 

?bph6