
0
71




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျန်းမာရေး အထောက်အကူပြု အမျိုးသမီးထု လမ်းလျှောက်ပွဲ ကျင်းပမယ်

အမျိုးသမီးထုအတွက် ကျန်းမာရေး အထောက်ကူပြု အမျိုးသမီးထု လမ်းလျှောက်ပွဲ (Ferrovit Walkathon 2018 ) ကို လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ (၁) ရှေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လမ်းလျှောက်တာကြောင့် သံဓာတ်ချို့တဲ့မှုဖြစ်ပေါ်တဲ့ သွေးအားနည်ရောဂါကို ကြိုတင်ကာကွယ်နိုင်ပြီး သွေးအားနည်း ရောဂါနဲ့ပတ်သက်တဲ့ ကျမ်းမာရေး ဗဟုသုတရရှိစေရန် ရည်ရွယ်ကျင်းပမှာဖြစ်ပါတယ်။

အခုကျင်းပမယ့် အမျိုးသမီလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ငါးကြိမ်မြောက်ကျင်းပဖို့ရှိနေတာပါ။ လမ်းလျှောက်ပွဲတွင်ပါဝင်သူ အမျိုးသမီးတိုင်းကို ဆရာဝန်တွေ နဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက သူနာပြု ၂ဝ က ဆေးစစ်ဆေးမှုတွေ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ အမျိုးသမီးထုလမ်းလျှောက်ပွဲကို သုဝဏ္ဏကွင်း ကနေ စတင်တာထွက်ပြီး မေတ္တာလမ်းကိုဖြတ်ကာ သစ္စာလမ်းမှဂငယ်ကွေ့ကွေ့ပြီး လာလမ်းအတိုင်း ပြန်လျှောက်ရမှာဖြစ်ပြီး အဲဒီအချိန် ယာဉ်လမ်းကြောင်းကို တစ်ဖက်ပိတ်ထား မှာဖြစ်ပါတယ်။

?bph6