ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အေတြးသစ္ အျမင္သစ္နဲ႔ ခ်ဥ္းကပ္လာႏိုင္တဲ့ လူငယ္ေတြ လိုအပ္ (႐ုပ္/သံ)

0
118

သမုိင္းကို အေတြးသစ္ အျမင္သစ္နဲ႔ ခ်ဥ္းကပ္ႏိုင္တဲ့ လူငယ္ေတြ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္လာႏိုင္ဖို႔ အတြက္ လမ္းဖြင့္ေပးဖို႔လိုအပ္ေနပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ လူငယ္ေတြဟာ စိတ္၀င္စားမႈနည္းေနေသးျပီး လူငယ္ေတြ ပိုမိုပါ၀င္လာခဲ့ရင္ ျငိမ္းခ်မ္းေရးအတြက္ လမ္းစအသစ္ေတြ ေပၚေပါက္လာႏိုင္တာေၾကာင့္ လူငယ္ေတြ ပိုမို ပါ၀င္ေအာင္လုပ္ေဆာင္ဖို႔လိုအပ္ေနတယ္လို႔ စာေရးဆရာ သဲေအာင္က ေျပာပါတယ္။

ေဖေဖာ္၀ါရီလ ၇ရက္ေန႔က ရန္ကုန္ျမိဳ႕ မဟာဗႏၶဳလပန္းျခံမွာ ျငိမ္းခ်မ္းေရး ကဗ်ာ၊ သီခ်င္း ရြတ္ဖတ္သီဆိုတဲ့အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

အင္တာဗ်ဴး-စာေရးဆရာသဲေအာင္ (ျမန္မာစာေရးဆရာကလပ္)

ဒါ့အျပင္ အစိုးရ အေနနဲ႔ ျငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ လူငယ္ေတြ ပါ ၀င္ဖို႔ လမ္းဖြင့္ထားတယ္လို႕ ေျပာေနရံုနဲ႔မရပဲ ျငိမ္းခ်မ္းေရးျဖစ္ စဥ္တိုးတက္ဖို႔ လူငယ္ေတြကို ဘယ္လိုအခန္းက႑ေတြကေန ပါ၀င္ရမယ္ဆိုတာ ခ်ျပဖို႔နဲ႔ တိုက္တြန္း လုပ္ေဆာင္ဖို႔လည္း လိုအပ္ေနတယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး- ကဗ်ာဆရာပီတီ (ေပၾကီး)
ျမန္မာစာေရးဆရာကလပ္

ျမန္မာစာေရးဆရာကလပ္က ဦးေဆာင္ျပီးျပဳလုပ္တဲ့ ျငိမ္းခ်မ္းေရး ကဗ်ာနဲ႔သီခ်င္း ရြတ္ဖတ္သီဆိုတဲ့ အခမ္းအနားကို စာေရးဆရာေတြ၊ ကဗ်ာဆရာေတြနဲ႔ ၿငိမ္းခ်မ္းေရးလိုလားတဲ့ လူငယ္အဖြဲ႕ေတြ တက္ေရာက္ခဲ့ၾကပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမိုင်းကို အတွေးသစ် အမြင်သစ်နဲ့ ချဉ်းကပ်နိုင်တဲ့ လူငယ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ အတွက် လမ်းဖွင့်ပေးဖို့လိုအပ်နေပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေဟာ စိတ်ဝင်စားမှုနည်းနေသေးပြီး လူငယ်တွေ ပိုမိုပါဝင်လာခဲ့ရင် ငြိမ်းချမ်းရေးအတွက် လမ်းစအသစ်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် လူငယ်တွေ ပိုမို ပါဝင်အောင်လုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ စာရေးဆရာ သဲအောင်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ငြိမ်းချမ်းရေး ကဗျာ၊ သီချင်း ရွတ်ဖတ်သီဆိုတဲ့အခမ်းအနား ပြုလုပ်ခဲ့တာပါ။

အင်တာဗျူး-စာရေးဆရာသဲအောင် (မြန်မာစာရေးဆရာကလပ်)

ဒါ့အပြင် အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လူငယ်တွေ ပါ ဝင်ဖို့ လမ်းဖွင့်ထားတယ်လို့ ပြောနေရုံနဲ့မရပဲ ငြိမ်းချမ်းရေးဖြစ် စဉ်တိုးတက်ဖို့ လူငယ်တွေကို ဘယ်လိုအခန်းကဏ္ဍတွေကနေ ပါဝင်ရမယ်ဆိုတာ ချပြဖို့နဲ့ တိုက်တွန်း လုပ်ဆောင်ဖို့လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

အင်တာဗျူး- ကဗျာဆရာပီတီ (ပေကြီး)
မြန်မာစာရေးဆရာကလပ်

မြန်မာစာရေးဆရာကလပ်က ဦးဆောင်ပြီးပြုလုပ်တဲ့ ငြိမ်းချမ်းရေး ကဗျာနဲ့သီချင်း ရွတ်ဖတ်သီဆိုတဲ့ အခမ်းအနားကို စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။

?bph6