ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ကက္ရွ္မီးယားလို ျဖစ္လာမွာ စိုးရိမ္ေၾကာင္း ဘူးသီးေတာင္ လႊတ္ေတာ္အမတ္ ေျပာ

0
595

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသကို ကက္ရွ္မီးယား၊ ကိုဆိုဗို၊ ခ႐ိုင္းမီးယားေဒသေတြလို ျဖစ္လာမွာကို ရခိုင္ျပည္သူေတြ စိတ္ထဲမွာ အထူး စိုးရိမ္ပူပင္ ေသာကေရာက္ေနၾကတယ္လို႔ ဘူးသီးေတာင္ မဲဆႏၵနယ္က ဦးေအာင္ေသာင္းေရႊက ေျပာပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၇ ရက္ေန႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ဦးေအာင္ေသာင္းေရႊက အဲဒီေဒသရွိ တိုင္းရင္းသားျပည္သူေတြရဲ႕ အသက္၊ အိုးအိမ္လံုၿခံဳေရး၊ လူမႈဘဝဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ျပန္လည္ ထူေထာင္ေရးကို ေရတို၊ ေရရွည္စီမံကိန္းေတြနဲ႔ ပြင့္လင္းျမင္သာစြာ ခ်မွတ္ အေကာင္အထည္ ေဖာ္ေပးဖို႔ အစိုးရကို တိုက္တြန္းေၾကာင္းအဆိုမွာ ဦးေအာင္ေသာင္းေရႊက ေျပာသြားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဦးေအာင္ေသာင္းေရႊက ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ ေဒသခံျပည္သူေတြရဲ႕ စိုးရိမ္ထိတ္လန္႔မႈက ၁၉၄၂ ခုႏွစ္တုန္းက ရခိုင္တိုင္းရင္းသားေတြ သတ္ျဖတ္ခံရခဲ့ရတဲ့ အေျခအေနနဲ႔ တူေနတယ္လို႔လည္း ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် မြောက်ပိုင်း ကက်ရှ်မီးယားလို ဖြစ်လာမှာ စိုးရိမ်ကြောင်း ဘူးသီးတောင် လွှတ်တော် အမတ် ပြော

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ကက်ရှ်မီးယား၊ ကိုဆိုဗို၊ ခရိုင်းမီးယားဒေသတွေလို ဖြစ်လာမှာကို ရခိုင်ပြည်သူတွေ စိတ်ထဲမှာ အထူး စိုးရိမ်ပူပင် သောကရောက်နေကြတယ်လို့ ဘူးသီးတောင် မဲဆန္ဒနယ်က ဦးအောင်သောင်းရွှေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၇ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဦးအောင်သောင်းရွှေက အဲဒီဒေသရှိ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်၊ အိုးအိမ်လုံခြုံရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည် ထူထောင်ရေးကို ရေတို၊ ရေရှည်စီမံကိန်းတွေနဲ့ ပွင့်လင်းမြင်သာစွာ ချမှတ် အကောင်အထည် ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုမှာ ဦးအောင်သောင်းရွှေက ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးအောင်သောင်းရွှေက ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုက ၁၉၄၂ ခုနှစ်တုန်းက ရခိုင်တိုင်းရင်းသားတွေ သတ်ဖြတ်ခံရခဲ့ရတဲ့ အခြေအနေနဲ့ တူနေတယ်လို့လည်း ပြောသွားပါတယ်။