
0
96



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိုအပ်တဲ့ မြေနေရာရရင် မြောင်းမြမှာ ဒေါ်ခင်ကြည် သူနာပြု သင်တန်းကျောင်း ဖွင့်မယ်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ လိုအပ်တဲ့ မြေနေရာ အမြန်ဆုံးရရှိရင် ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်မှာ ဘဏ္ဍာငွေ ထည့်သွင်းလျာထားပြီး အဲဒီဘဏ္ဍာနှစ်အတွင်း သင်တန်းကျောင်း ပြီးစီးပါက သူနာပြု အနည်းဆုံး ၁၀ဝ အထိ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၆ ရက် ပြည်သူ့လွှတ်တော်မှာ မြောင်းမြမဲဆန္ဒနယ်က ဒေါက်တာ စိုးမိုးသူက မြောင်းမြမြို့သူ မဟာသီရီသုဓမ္မ ဒေါ်ခင်ကြည်ကို ဂုဏ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖြေကြားတာ ဖြစ်ပါတယ်။

?bph6