
0
1855




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာမှာ တစ်လအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် အမှု ၃၀ဝ ခန့် နှိမ်နင်း

ရန်ကုန်တိုင်း၊ လှိုင်​သာယာ မြို့နယ်​မှာ တရားဥပဒေ စိုးမိုးရေးအတွက် လင်​းယုန်​ စီမံချက်​နဲ့ တစ်​လအတွင်​း ခိုး၊ ဆိုး၊ လု၊ နှိုက်​ အမှု​ပေါင်​း သုံးရာ နီးပါး နှိမ်​နင်​းခဲ့ပါတယ်။

လင်​းယုန်​ စီမံချက်အရ ဖမ်​းဆီးနှိမ်​နင်​း​ရာမှာ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူ​တွေ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချ သုံးစွဲသူ​တွေ၊ ပြည်သူလူထု အပေါ် အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ ကျူးလွန်သူ လူဆိုးလူမိုက်​တွေ၊ ဒုစရိုက်မှု​တွေနဲ့ ပြေး (၄) ပြေး တ​ရားခံ​တွေကို ပစ်​မှတ်​ထား ဖမ်​းဆီးခဲ့တာ ဖြစ်ပါတယ်။

လှိုင်​သာယာမြို့နယ်​ အတွင်​းမှာ ဇန်​နဝါရီလ ၁ ရက်​​နေ့က​နေ ​ဖေ​ဖော်​ဝါရီလ ၂ ရက်​​နေ့အထိ တစ်​လအတွင်​း လက်နက်များ အက်ဥပဒေအရ အရေးယူမှု ၃၁ မှု အပါအဝင်​ ခိုး၊ ဆိုး၊ လု၊ နှိုက်​ အမှု​ပေါင်​း ၂၉၆ မှု အထိ နှိမ်​နင်​းခဲ့​ပါတယ်​။