သမ္မတညွှန်ကြားချက်နှင့် လုပ်ရသည့် လူ့အခွင့်အရေးကော်မရှင်အဖြစ်မှ စတင်ပြောင်းလဲ

သမ္မတညွှန်ကြားမှုရှိမှ လူ့အခွင့်အရေးနှင့်ပတ်သက်တဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေရတဲ့ အခြေအနေကနေ ပြောင်းလဲမှု အနည်းငယ် စပြီးရှိလာတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒါရိုက်တာ ဒေါ်ခိုင်ခိုင်ဝင်းက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဖိုးစိန်လမ်းမှာရှိတဲ့ Best Western Green Hill ဟိုတယ်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ခိုင်ခိုင်ဝင်းက ‘သမ္မတကဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တော့ ညွှန်ကြားချက်ရမှအလုပ်လုပ်တယ်။ ဖွဲ့စည်းပေးတဲ့သူတွေရဲ့ ညွှန်ကြားတာတွေပဲလုပ်ရာက ခုနောက်ပိုင်းတော့ တစ်ခြားအလုပ်တွေပါ လုပ်ရမယ်ဆိုတာ သိလာတယ်’ လို့ ပြောဆိုခဲ့ပါတယ်။
DKKW2

ဒီလိုပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး Free Thinker က ဒေါ်သင်္ဂီဦးက ‘ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ အစိုးရက လူ့အခွင့်အရေးချိုးဖောက်တာတင်မကဘူး။ ဥပဒေချိုးဖောက်မှု ပါရှိနေ တာပါ။ နိုင်ငံတကာလူ့အခွင့်အရေးကော်မရှင်မှာ အဆင့်မြှင့်ဖို့ လျှောက်မယ်ဆိုရင် ဘယ်အစိုးရ တက်တက် တာဝန်ယူမှုက ဒီထက်အများကြီးပိုလိုအပ်ပါလိမ့်မယ်’

နိုင်ငံတော် သမ္မတက ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ယခင် ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သစ်ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါ တယ်။

မော့ဂျေ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ၂၀၁၅

adv_banner