NLD အစိုးရ မသိတာထက္ မလုပ္တာခက္ေနလို႔ ဦးေရႊမန္းေျပာ

0
4401

NLD အစိုးရအေနနဲ႔ မသိတာထက္ မလုပ္တာခက္ေနၿပီး လုပ္ပါလ်က္နဲ႔လည္း လုပ္နည္းမွန္ဖို႔ပါ ခက္ခဲေနတယ္လို႔ လႊတ္ေတာ္ဥကၠ႒ေဟာင္း သူရဦးေရႊမန္းက ေျပာၾကားလိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၃ ရက္ေန႔က Facebook လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသား ေျပာၾကားလိုက္တာပါ။ ဒီလိုေျပာၾကားရာ မွာေတာ့ အခက္အခဲေတြကို အသိ၊ သတိတို႔နဲ႔အတူ အျမင္မွန္၊ အသိမွန္ အလုပ္မွန္တို႔နဲ႔ ေဆာင္ရြက္ၾကမယ္ဆိုပါက ေအာင္ျမင္ၿပီး အဆင္ေျပမႈေတြ ရလာလိမ့္မယ္လို႔ လည္းေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD အစိုးရ မသိတာထက် မလုပ်တာခက်နေလို့ ဦးရွှေမန်းပြော

NLD အစိုးရအနေနဲ့ မသိတာထက် မလုပ်တာခက်နေပြီး လုပ်ပါလျက်နဲ့လည်း လုပ်နည်းမှန်ဖို့ပါ ခက်ခဲနေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားရာ မှာတော့ အခက်အခဲတွေကို အသိ၊ သတိတို့နဲ့အတူ အမြင်မှန်၊ အသိမှန် အလုပ်မှန်တို့နဲ့ ဆောင်ရွက်ကြမယ်ဆိုပါက အောင်မြင်ပြီး အဆင်ပြေမှုတွေ ရလာလိမ့်မယ်လို့လည်းပြောကြားထားပါတယ်။