AP သတင္းဌာနက ေဖာ္ျပသလို ႐ုပ္အေလာင္းေတြ ျမွဳပ္ႏွံထားျခင္း မရွိေၾကာင္း အစိုးရ ထုတ္ျပန္

0
303

AP သတင္းဌာန ေဖာ္ျပခ်က္ပါ ႐ုပ္အေလာင္းေတြကို ျမွဳပ္ႏွံထားတယ္ဆိုတဲ့ ေနရာေတြကို သြားေရာက္ စစ္ေဆးခဲ့ၿပီး မွန္ကန္မႈ မရွိဘူးလို႔ အစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဂူတာျပင္ေက်းရြာ ဝန္းက်င္မွာ ရာနဲ႔ခ်ီတဲ့ ႐ုပ္အေလာင္းေတြကို ေနရာ ၅ ေနရာမွာ အစုလုိက္အၿပံဳလိုက္ ျမွဳပ္ႏွံထားေၾကာင္း၊ အေလာင္းေတြကို အက္ဆစ္ေလာင္းၿပီး ေဖ်ာက္ဖ်က္ဖို႔ စီစဥ္ထားတာေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနေၾကာင္း AP သတင္းဌာနက ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ ေဖာ္ျပခဲ့ပါတယ္။

အစိုးရနဲ႔ ရပ္မိရပ္ဖ ၁၇ ဦး ပါဝင္တဲ့ အဖြဲ႔က အစိုးရလမ္းညႊန္ခ်က္နဲ႔ ဂူတာျပင္ ေက်းရြာတစ္ဝိုက္ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မွာ သြားေရာက္ စစ္ေဆးခဲ့တာ ျဖစ္ၿပီး AP သတင္းမွာ ေဖာ္ျပတဲ့အတိုင္း လူအစုလိုက္ အၿပံဳလိုက္ သတ္ျဖတ္ခဲ့တာမ်ိဳး ရွိ၊ မရွိ ေမးျမန္းခဲ့ရာမွာ ေက်းရြာသူ ေက်းရြာသားေတြက မရွိေၾကာင္း ေျပာခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

AP သတင်းဌာနက ဖော်ပြသလို ရုပ်အလောင်းတွေ မြှုပ်နှံထားခြင်း မရှိကြောင်း အစိုးရ ထုတ်ပြန်

AP သတင်းဌာန ဖော်ပြချက်ပါ ရုပ်အလောင်းတွေကို မြှုပ်နှံထားတယ်ဆိုတဲ့ နေရာတွေကို သွားရောက် စစ်ဆေးခဲ့ပြီး မှန်ကန်မှု မရှိဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာ ဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေကို နေရာ ၅ နေရာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း၊ အလောင်းတွေကို အက်ဆစ်လောင်းပြီး ဖျောက်ဖျက်ဖို့ စီစဉ်ထားတာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြောင်း AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အစိုးရနဲ့ ရပ်မိရပ်ဖ ၁၇ ဦး ပါဝင်တဲ့ အဖွဲ့က အစိုးရလမ်းညွှန်ချက်နဲ့ ဂူတာပြင် ကျေးရွာတစ်ဝိုက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပြီး AP သတင်းမှာ ဖော်ပြတဲ့အတိုင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာမျိုး ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ ကျေးရွာသူ ကျေးရွာသားတွေက မရှိကြောင်း ပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

?bph6