ယခင္ ေျမာက္ဦး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ထိုးသြင္းဒဏ္ရာ ၁၂ ခ်က္ ရွိ

0
2844

ယခင္ ေျမာက္ဦး ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဘိုဘိုမင္းသိုက္ကို စစ္ေဆးၾကည့္႐ႈရာမွာ ရင္ညြန္႔၊ ဝဲနဲ႔ယာ ႏို႔အံုေအာက္၊ ဝဲနဲ႔ယာ လက္ျပင္တို႔မွာ ထိုးသြင္းဒဏ္ရာ ၁၂ ခ်က္နဲ႔ ဝဲမ်က္ခံုးျပတ္ရွဒဏ္ရာ ၁ ခ်က္တို႔ ရရွိထားတာ ေတြ႔တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

လက္ရွိမွာ ရခိုင္ျပည္နယ္႐ံုး လက္ေထာက္ညြန္ၾကားေရးမွဴး ဦးဘိုဘိုမင္းသိုက္ လိုက္ပါလာတဲ့ကားဟာ မေန႔က ဇန္နဝါရီ ၃၀ မွာ ပုဏၰားကၽြန္းၿမိဳ႕၊ ရန္ကုန္-စစ္ေတြ ကားလမ္း မိုင္တိုင္(၁၆၉/၀-၁) ၾကား လမ္းေဘးထိုးက်ၿပီး ဦးဘိုဘိုမင္းသိုက္ ေသဆံုးေနတာကို ရဲတပ္ဖြဲ႔က ေတြ႔ရွိခဲ့ပါတယ္။ သူ႔အနီးမွာ လက္ကိုင္ဖုန္း ၄ လုံးနဲ႔ ေငြ၊ ပစၥည္းတခ်ိဳ႕ကိုလည္း ေတြ႔ရွိခဲ့ပါတယ္။

ပုဏၰားကြ်န္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔က အေလာင္းကို ၿမိဳ႕နယ္ေဆး႐ံုသို႔ သြားပို႔စဥ္ က်န္ခဲ့တဲ့ကားက မီးေလာင္တဲ့အတြက္ မီးသတ္တပ္ဖြဲ႔က သြားၿငွိမ္းခဲ့တယ္လုိ႔လည္း သတင္းထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။ ဦးဘိုဘုိမင္းသိုက္ကို သတ္ျဖတ္သူအား စိစစ္ေနဆဲျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယခင် မြောက်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ထိုးသွင်းဒဏ်ရာ ၁၂ ချက် ရှိ

ယခင် မြောက်ဦး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်ကို စစ်ဆေးကြည့်ရှုရာမှာ ရင်ညွန့်၊ ဝဲနဲ့ယာ နို့အုံအောက်၊ ဝဲနဲ့ယာ လက်ပြင်တို့မှာ ထိုးသွင်းဒဏ်ရာ ၁၂ ချက်နဲ့ ဝဲမျက်ခုံးပြတ်ရှဒဏ်ရာ ၁ ချက်တို့ ရရှိထားတာ တွေ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် လိုက်ပါလာတဲ့ကားဟာ မနေ့က ဇန်နဝါရီ ၃၀ မှာ ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်(၁၆၉/ဝ-၁) ကြား လမ်းဘေးထိုးကျပြီး ဦးဘိုဘိုမင်းသိုက် သေဆုံးနေတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ သူ့အနီးမှာ လက်ကိုင်ဖုန်း ၄ လုံးနဲ့ ငွေ၊ ပစ္စည်းတချို့ကိုလည်း တွေ့ရှိခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့က အလောင်းကို မြို့နယ်ဆေးရုံသို့ သွားပို့စဉ် ကျန်ခဲ့တဲ့ကားက မီးလောင်တဲ့အတွက် မီးသတ်တပ်ဖွဲ့က သွားငြှိမ်းခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်သူအား စိစစ်နေဆဲဖြစ်ပါတယ်။