
0
2865




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသိမရှိ၊ အသိမဲ့ ပြုကျင့်တာ မကောင်းဘူးလို့ ဦးရွှေမန်းဆို

အသိမရှိ၊ အသိမဲ့ ပြုတာနဲ့ သတိမရှိ သတိမဲ့ ပြုကျင့်တာတွေဟာ မကောင်းဘူးလို့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့က သူ့ရဲ့ တရားဝင် Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ အသိ၊ သတိနဲ့ ယှဉ်ပြီး ပြုကျင့်နိုင်ပါမှ အမှားနည်းပြီး အကျိုးရှိနိုင်မယ်လို့လည်း ထောက်ပြထားတာပါ။ ဒါ့အပြင် အသိ၊ သတိနဲ့ ပြောဆို၊ ပြုမူကျင့်ကြံကြပြီး မိမိအကျိုး၊ အများအကျိုးနဲ့ တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေလို့လည်း ဆုတောင်းထားတာဖြစ်ပါတယ်။

?bph6