
0
2232



အကြံပေး ကော်မတီအနေနဲ့ ဘာအကြံဥာဏ်မှ မပေးရသေးဘဲ အခြေအနေကို စောင့်ကြည့်ခြင်းသာ ဖြစ်တယ်လို့လည်း ဒေါက်တာ ဆာသီရာထိုင်းက ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေးထားရှိတဲ့အတွက် ခြောက်လှန့်တဲ့ အရိပ်အယောင် မတွေ့ဘူးလို့ ဒေါက်တာ ဆာသီရာထိုင်း ပြော

ရခိုင်ပြည်နယ်မှာ လုံခြုံရေးထားရှိတဲ့အတွက် မည်သည့် ခြောက်လှန်းမှု အရိပ်အယောင်ကိုမှ မတွေ့ရဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ ဆူရာကီရတ် ဆာသီရာထိုင်းက ပြောပါတယ်။

ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ကြောက်ရွံထိတ်လန့်တဲ့ အမှုအရာတွေကို မတွေ့ခဲ့ဘူးလို့လည်း ထိုင်း ဒု ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆာသီရာထိုင်းက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

အကြံပေး ကော်မတီအနေနဲ့ ဘာအကြံဉာဏ်မှ မပေးရသေးဘဲ အခြေအနေကို စောင့်ကြည့်ခြင်းသာ ဖြစ်တယ်လို့လည်း ဒေါက်တာ ဆာသီရာထိုင်းက ပြောပါတယ်။