
0
2005





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲ ပေါလ်ပီတာဆန် ဗိုလ်စွဲ

၂၀၁၈ Leopalace 21 မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အမေရိကန် ဂေါက်သီးရိုက် ကစားသမား ပေါလ်ပီတာဆန်က ရိုက်ချက် ၁၃ ချက် လျှော့ရိုက်ပြီး ဗိုလ်စွဲသွားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ Asian Tour ၊ Japan Golf Tour ၊ မြန်မာပီဂျီအေနဲ့ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၁၈ Leopalace 21 မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲကို ပန်းလှိုင်ဂေါက်ကွင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။ ဆုကြေးအဖြစ် ပေါ်ပီတာဆန်ကို ဆုဖလားနဲ့ ဒေါ်လာ ၁၃၅၀ဝ၀ ချီးမြှင့်ပါတယ်။

ပေါလ်ပီတာဆန်ရဲ့ နောက်မှာ အီကီမူရာ (ဂျပန်)၊ ဆာတိုရှီ (ဂျပန်)၊ ဘယ်ရီဟန်ဆန် (အမေရိကန်)၊ မီယာဇာတို (ဂျပန်)၊ ရှောင်နေရစ် (တောင်အာဖရိက)၊ ဝါနာဆရီချန် (ထိုင်း) တို့ ရှိပြီး မြန်မာကစားသမား ရဲထက်အောင်ကတော့ အဆင့် ၃၅ နေရာမှာ ရှိပါတယ်။

?bph6