
0
2844




=====================
ကြံ့ခိုင်ရေးပါတီရဲ့ ပါတီအလံပြောင်းလဲ အသုံးပြုဖို့ ကော်မရှင်ကိုတင်

ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီရဲ့ ပါတီအလံပြောင်းလဲ အသုံးပြုဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြလာပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာလိုက်တာပါ။

ဒါကြောင့် ကြေညာပါတဲ့ ဒီကနေ့ကစတင်ပြီး ၇ ရက်အတွင်း ကန့်ကွက်လိုပါက ရွေးကောက်ပွဲဥပဒေနဲ့အညီ ကော်မရှင်ထံ တင်ပြ ကန့်ကွက်နိုင်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

?bph6