အင္းေတာ္ႀကီးကန္မွာ ေရေပ်ာ္ငွက္ ၁ ေသာင္းခြဲေက်ာ္ စာရင္းေကာက္ယူရရွိ

0
975

ကခ်င္ျပည္နယ္၊ မိုးညွင္းခ႐ိုင္၊ အင္းေတာ္ႀကီးကန္မွာ ေရေပ်ာ္ငွက္စာရင္း ေကာက္ယူခဲ့ရာမွာ ေရေပ်ာ္ငွက္ ၄၁ မ်ိဳးနဲ႔ ငွက္ေကာင္ေရ ၁၇၂၄၉ ေကာင္ ေတြ႔ရွိ မွတ္တမ္းတင္ခဲ့ၾကပါတယ္။

အင္းေတာ္ႀကီး ေဘးမဲ့ေတာ အုပ္ခ်ဳပ္ေရးဌာနရဲ႕ ဦးေဆာင္မႈနဲ႔ ဇန္နဝါရီလ ၆ ရက္ကေန ၂၂ ရက္ေန႔အထိ စာရင္းေကာက္ယူခဲ့တာ ျဖစ္ပါတယ္။ Wild Life Conservation Society (WCS)၊ Fauna and Flora International (FFI)၊ Friends of Wildlife (FOW)၊ မႏၲေလး တကၠသိုလ္၊ မုံ႐ြာ တကၠသိုလ္၊ မိုးညွင္း ဒီဂရီေကာလိပ္တို႔က သတၱေဗဒဌာနေတြနဲ႔ Mandalay Balloon in Myanmar ခရီးသြားအဖြဲ႔၊ အင္းခ်စ္သူမ်ားအဖြဲ႕၊ သတင္းမီဒီယာေတြ ပါဝင္ကူညီခဲ့ၾကပါတယ္။

ေရေပ်ာ္ငွက္စာရင္း ေကာက္ယူမႈကို အင္းေလးကန္ ေဘးမဲ့ေတာ၊ မိုးယြန္းႀကီးအင္း ေဘးမဲ့ေတာ၊ ေတာင္သမန္အင္း၊ ပုလိပ္အင္းနဲ႔ ျဖဴကန္ စတဲ့ ေရဝပ္ေဒသေတြမွာလည္း ဆက္လက္ ေကာက္ယူမွာ ျဖစ္ပါတယ္။
……………….. ။ ။ …………………

အင်းတော်ကြီးကန်မှာ ရေပျော်ငှက် ၁ သောင်းခွဲကျော် စာရင်းကောက်ယူရရှိ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးကန်မှာ ရေပျော်ငှက်စာရင်း ကောက်ယူခဲ့ရာမှာ ရေပျော်ငှက် ၄၁ မျိုးနဲ့ ငှက်ကောင်ရေ ၁၇၂၄၉ ကောင် တွေ့ရှိ မှတ်တမ်းတင်ခဲ့ကြပါတယ်။
အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးဌာနရဲ့ ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၆ ရက်ကနေ ၂၂ ရက်နေ့အထိ စာရင်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ Wild Life Conservation Society (WCS)၊ Fauna and Flora International (FFI)၊ Friends of Wildlife (FOW)၊ မန္တလေး တက္ကသိုလ်၊ မုံရွာ တက္ကသိုလ်၊ မိုးညှင်း ဒီဂရီကောလိပ်တို့က သတ္တဗေဒဌာနတွေနဲ့ Mandalay Balloon in Myanmar ခရီးသွားအဖွဲ့၊ အင်းချစ်သူများအဖွဲ့၊ သတင်းမီဒီယာတွေ ပါဝင်ကူညီခဲ့ကြပါတယ်။
ရေပျော်ငှက်စာရင်း ကောက်ယူမှုကို အင်းလေးကန် ဘေးမဲ့တော၊ မိုးယွန်းကြီးအင်း ဘေးမဲ့တော၊ တောင်သမန်အင်း၊ ပုလိပ်အင်းနဲ့ ဖြူကန် စတဲ့ ရေဝပ်ဒေသတွေမှာလည်း ဆက်လက် ကောက်ယူမှာ ဖြစ်ပါတယ်။

?bph6