တာခ်ီလိတ္ နယ္စပ္ကတဆင့္ ႏိုင္ငံျခားသား ခရီးသည္ ၈ သိန္းေက်ာ္ ဝင္ေရာက္

ရွမ္းျပည္နယ္ အေရွ႕ပုိင္း၊ တာခ်ီလိတ္နယ္စပ္ကတဆင့္ ၂ဝ၁၇ ခုႏွစ္၊ တစ္ႏွစ္တာအတြင္း ႏုိင္ငံျခားသား ခရီးသြားဧည့္သည္ ၈ဝ၉၇၇ဝ ဦးေက်ာ္ ဝင္ေရာက္ၿပီး ေဒသအသီးသီးကို သြားေရာက္ လည္ပတ္ခဲ့ပါတယ္။

ခရီးသြားဧည့္သည္ေတြဟာ တာေလာ့ေစ်း၊ ဘုရင့္ေနာင္႐ုပ္တု၊ အာခါေစ်း၊ ဝမ္ပံု-ေရႊႀတိဂံ၊ သစ္တစ္ပင္ေတာင္၊ ပင္းေတာက္ေရတံခြန္ စတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္ၾကပါတယ္။

ႏိုင္ငံျခားသား ခရီးသြားေတြဟာ ဆက္ၿပီး ေလယာဥ္ခရီးစဥ္ေတြနဲ႔ ျပည္တြင္းရွိ အထင္ကရေနရာေတြကိုလည္း သြားေရာက္ လည္ပတ္ၾကတယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာန သတင္းမွာ ေဖာ္ျပထားပါတယ္။
……………….. ။ ။ ………………

တာချီလိတ် နယ်စပ်ကတဆင့် နိုင်ငံခြားသား ခရီးသည် ၈ သိန်းကျော် ဝင်ရောက်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်နယ်စပ်ကတဆင့် ၂ဝ၁၇ ခုနှစ်၊ တစ်နှစ်တာအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၈ဝ၉၇၇ဝ ဦးကျော် ဝင်ရောက်ပြီး ဒေသအသီးသီးကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

ခရီးသွားဧည့်သည်တွေဟာ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ အာခါဈေး၊ ဝမ်ပုံ-ရွှေတြိဂံ၊ သစ်တစ်ပင်တောင်၊ ပင်းတောက်ရေတံခွန် စတဲ့ နေရာတွေကို သွားရောက်လည်ပတ်ကြပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေဟာ ဆက်ပြီး လေယာဉ်ခရီးစဉ်တွေနဲ့ ပြည်တွင်းရှိ အထင်ကရနေရာတွေကိုလည်း သွားရောက် လည်ပတ်ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။

adv_banner