ပို႔ကုန္တင္ပို႔မႈ ၀င္ေငြခြန္ေပၚ ႀကိဳတင္ေပးေဆာင္ရတဲ့ အခြန္ ၂ ရာခိုင္ႏႈန္း ေျဖေလ်ာ့ေပး

ပို႔ကုန္တင္ပို႔မႈကေန ရရွိတဲ့ ၀င္ေငြအေပၚ ႀကိဳတင္ေပးေဆာင္ရတဲ့ အခြန္ေငြ ၂ ရာခုိင္ႏႈန္းကို ပို႔ကုန္တိုးျမွင့္ေရးကို လက္ေတြ႕က်က် အားေပးႏိုင္ဖို႔ ရည္ရြယ္ၿပီး ေကာက္ခံမႈမလုပ္ေတာ့ဖို႔ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက စီစဥ္ေဆာင္ရြက္ထားပါတယ္။

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္အေနနဲ႔ ႏိုင္ငံေတာ္အစိုးရနဲ႔အတူ ဆန္ျပည္ပတင္ပို႔မႈကို တိုးျမွင့္ေဆာင္ရြက္ဖို႔ အေလးထားေဆာင္ရြက္ေနခ်ိန္ အခုလို ေျဖေလ်ာ့လိုက္တာေၾကာင့္ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန၊ ျပည္တြင္းအခြင္မ်ားဦးစီးဌာနကကို ေက်းဇူးတင္ရွိေၾကာင္း သတင္းထုန္ျပန္ထားပါတယ္။

ဒါ့အျပင္ အသင္း၀င္ပို႔ကုန္ကုမၸဏီေတြအေနနဲ႔လည္း ျပည္တြင္းအခြန္ဦးစီးဌာန၊ အခြန္ထမ္းႀကီးမ်ားဆိုင္ရာ အခြန္႐ုံး(LTO)၊ အလယ္အလတ္အခြန္ထမ္းမ်ားဆိုင္ရာ အခြန္႐ုံး (MTO)တို႔နဲ႔ ညွိႏိႈင္းေဆာင္ရြက္ႏိုင္ၿပီ ျဖစ္ေၾကာင္းနဲ႔ ျပည္ေထာင္စုအခြန္ေကာက္ဥပေဒ၊ ၀င္ေငြခြန္ဥေပဒ၊ နည္းဥပေဒေတြနဲ႔အညီ ျပည္တြင္း အခြန္ဦးစီးဌာနက သတ္မွတ္ထားတဲ့ ၀င္ေငြခြန္ဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြအတိုင္း လိုက္နာလုပ္ေဆာင္ၾကဖို႔ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။
………………… ။ ။ ……………….

ပို့ကုန်တင်ပို့မှု ဝင်ငွေခွန်ပေါ် ကြိုတင်ပေးဆောင်ရတဲ့ အခွန် ၂ ရာခိုင်နှုန်း ဖြေလျော့ပေး

ပို့ကုန်တင်ပို့မှုကနေ ရရှိတဲ့ ဝင်ငွေအပေါ် ကြိုတင်ပေးဆောင်ရတဲ့ အခွန်ငွေ ၂ ရာခိုင်နှုန်းကို ပို့ကုန်တိုးမြှင့်ရေးကို လက်တွေ့ကျကျ အားပေးနိုင်ဖို့ ရည်ရွယ်ပြီး ကောက်ခံမှုမလုပ်တော့ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက စီစဉ်ဆောင်ရွက်ထားပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ နိုင်ငံတော်အစိုးရနဲ့အတူ ဆန်ပြည်ပတင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်ဖို့ အလေးထားဆောင်ရွက်နေချိန် အခုလို ဖြေလျော့လိုက်တာကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွင်များဦးစီးဌာနကကို ကျေးဇူးတင်ရှိကြောင်း သတင်းထုန်ပြန်ထားပါတယ်။

ဒါ့အပြင် အသင်းဝင်ပို့ကုန်ကုမ္ပဏီတွေအနေနဲ့လည်း ပြည်တွင်းအခွန်ဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး(LTO)၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (MTO)တို့နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်းနဲ့ ပြည်ထောင်စုအခွန်ကောက်ဥပဒေ၊ ဝင်ငွေခွန်ဥပေဒ၊ နည်းဥပဒေတွေနဲ့အညီ ပြည်တွင်း အခွန်ဦးစီးဌာနက သတ်မှတ်ထားတဲ့ ဝင်ငွေခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာလုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

adv_banner