
0
972



……………….. ။ ။ ………………..

ရန်ကုန်မိုးပျံလမ်းစီမံကိန်း ဘဏ္ဍာရေးအကြံပေး ဝန်ဆောင်မှု သဘောတူစာချုပ် ချုပ်

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ International Finance Corporation (IFC) တို့ ပူးပေါင်းဆောင်ရွက်မယ့် Financial Advisory Services Agreement (FASA) for Yangon Elevated Expressway Project အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးပါတယ်။

ရန်ကုန်မြို့မှာ ၂ဝ ဒသမ ၅ ကီလိုမီတာ အရှည် လေးလမ်းသွား တောင်-မြောက် Elevated Express-way Toll Road စီမံကိန်း Public Private Partnership (PPP) အစီအစဉ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းဟာ ရန်ကုန် ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်မှာ ဖြစ်ပြီး ဟံသာဝတီလေဆိပ်အသစ် စီမံကိန်း၊ ရန်ကုန် – မန္ဆလေးအမြန်လမ်း စီမံကိန်း၊ သီလဝါစက်မှုဇုန်တို့နဲ့ ချိတ်ဆက်မယ့် စီမံကိန်း ဖြစ်ပါတယ်။

အခု စီမံကိန်းဟာ ရန်ကုန် Inner Ring Road ရဲ့ အရှေ့ဘက်ခြမ်း ကမ်းနားလမ်းကနေ မင်္ဂလာဒုံ စက်မှုဇုန်အထိအပိုင်း ၂၂ ဒသမ ၅ ကီလိုမီတာဖြစ်ပြီး အဲဒီကတစ်ဆင့် မင်္ဂလာဒုံ စက်မှုဇုန်ကနေ အမှတ် (၃) လမ်းမကြီးကတစ်ဆင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးနဲ့ သွားရောက်ဆက်သွယ်မယ့် အပိုင်း ၁၅ ကီလိုမီတာဖြစ်ပါတယ်။

?bph6