
0
1685



………………… ။ ။ ………………….

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ အသံစစ်ဆေးမှု ဇန်နဝါရီ ၂၀ စမယ်

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ အသံစစ်ဆေးမှုကို လာမယ့် ဇန်နဝါရီ ၂၀ ကနေ စတင်မှာ ဖြစ်ပါတယ်။

အသံစစ်ဆေးမှုတွေကို မန္တလေးမြို့မှာ ဇန်နဝါရီ ၂ဝ ရက်နဲ့ ၂၁ ရက်၊ တောင်ကြီးမြို့မှာ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်၊ မကွေးမြို့မှာ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂ဝ ရက်၊ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ အသံစစ်ဆေး လူရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Myanmar Idol Season 3 ဒိုင်လူကြီးတွေအဖြစ် အဆိုတော် မြန်မာပြည်သိန်းတန်၊ အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်၊ ဂီတပညာရှင် မျိုးကျော့မြိုင်နဲ့ အဆိုတော် တင်ဇာမော်တို့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ Winner ဆု ရရှိသူကို ငွေကျပ် သိန်း ၅ဝဝ နဲ့အတူ တေးစီးရီး Album တစ်ချပ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

?bph6