စြန္႔ပစ္ေျမစာပံု ၿပိဳက်လို႔ သီတင္း ၂ ပတ္အတြင္း ၁၅ ဦး ေသဆံုး

0
928

ကခ်င္ျပည္နယ္၊ ဖားကန္႔မွာ ဇန္နဝါရီလ ပထမ ၂ ပတ္အတြင္း စြန္႔ပစ္ေျမစာပံု ၿပိဳက်လို႔ ေရမေဆးေက်ာက္ ရွာေဖြသူေတြ ေသဆံုးတာ ၁၅ ဦး အထိ ရွိသြားၿပီ ျဖစ္ပါတယ္။

ဇန္နဝါရီလ ၁၀ ရက္ေန႔က နန္႔ေမွာ္ေက်းရြာအနီး ရတနာစန္းရႊင္ ေက်ာက္မ်က္တူးေဖာ္ေရး ကုမၸဏီ ေျမစာပံုေဟာင္း ၿပိဳက်လို႔ ေမာင္ေနလိႈင္ (၁၆ ႏွစ္) နဲ႔ ေမာင္ခိုင္ေဇာ္ဦး (၂၀ ႏွစ္) တို႔ ေသဆံုးခဲ့ပါတယ္။ တျခားက်န္ရွိႏိုင္တဲ့သူေတြကိုေတာ့ ဘက္ဟိုး ၅ စီးနဲ႔ တူးေဖာ္ ရွာေဖြဆဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၄ ရက္က ေမာ္ေမာင္းဘြမ္ေက်းရြာ၊ ဂ်ိတ္လင္းေက်ာက္မ်က္ တူးေဖာ္ေရးကုမၸဏီ ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ၆ ဦး၊ ဇန္နဝါရီ ၆ ရက္က ေဝွခါ ေက်းရြာ၊ အဂၢရတနာကုမၸဏီ ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ေသဆံုးသူ ၅ ဦး၊ ဇန္နဝါရီ ၇ ရက္က ရတနာေျမစာပုံေက်းရြာ၊ ရတနာၾကြယ္ဝေသာ ေျမကုမၸဏီ ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ေသဆံုးသူ ၂ ဦး ရွိခဲ့လို႔ စုစုေပါင္း ေသဆံုးသူ ၁၅ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။
………………….. ။ ။ ……………………

စွန့်ပစ်မြေစာပုံ ပြိုကျလို့ သီတင်း ၂ ပတ်အတွင်း ၁၅ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မှာ ဇန်နဝါရီလ ပထမ ၂ ပတ်အတွင်း စွန့်ပစ်မြေစာပုံ ပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူတွေ သေဆုံးတာ ၁၅ ဦး အထိ ရှိသွားပြီ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က နန့်မှော်ကျေးရွာအနီး ရတနာစန်းရွှင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ မြေစာပုံဟောင်း ပြိုကျလို့ မောင်နေလှိုင် (၁၆ နှစ်) နဲ့ မောင်ခိုင်ဇော်ဦး (၂၀ နှစ်) တို့ သေဆုံးခဲ့ပါတယ်။ တခြားကျန်ရှိနိုင်တဲ့သူတွေကိုတော့ ဘက်ဟိုး ၅ စီးနဲ့ တူးဖော် ရှာဖွေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က မော်မောင်းဘွမ်ကျေးရွာ၊ ဂျိတ်လင်းကျောက်မျက် တူးဖော်ရေးကုမ္ပဏီ မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ ၆ ဦး၊ ဇန်နဝါရီ ၆ ရက်က ဝှေခါ ကျေးရွာ၊ အဂ္ဂရတနာကုမ္ပဏီ မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ ၅ ဦး၊ ဇန်နဝါရီ ၇ ရက်က ရတနာမြေစာပုံကျေးရွာ၊ ရတနာကြွယ်ဝသော မြေကုမ္ပဏီ မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ ၂ ဦး ရှိခဲ့လို့ စုစုပေါင်း သေဆုံးသူ ၁၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

?bph6