မံုရြာတရား႐ံုး အခ်ဳပ္ခန္း ေဖာက္ေျပးသူေတြထဲက တစ္ဦး ထပ္ဖမ္းမိ

0
1610

စစ္ကိုင္းတိုင္း မံုရြာၿမိဳ႕နယ္၊ တရား႐ံုး အခ်ဳပ္ခန္းက ထြက္ေျပးသြားသူ ၇ ဦးအနက္ ေနာက္ထပ္ ၁ ဦးကို ဇန္နဝါရီလ ၉ ရက္ေန႔မွာ ထပ္မံ ဖမ္းမိခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာ ၃၁ ရက္ေန႔က မံုရြာ တရား႐ံုးအခ်ဳပ္ခန္းမွာ ခ်ဳပ္ထားတဲ့ ႐ံုးထုတ္ အခ်ဳပ္တရားခံ က်ား ၅၅ ဦး မ ၁ ဦးတို႔အနက္ က်ား ၇ ဦး အခ်ဳပ္ခန္း အေနာက္ေတာင္ဘက္ အမိုးသစ္သားတိုင္ေတြကို ခ်ိဳးဖ်က္ၿပီး ထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္။

၃ ဦးကို ႐ံုးႀကီးရပ္ကြက္ထဲကေန ျပန္မိခဲ့ၿပီး လြတ္ေနတဲ့ ၄ ဦးအနက္ တရားခံ ေနာင္ရဲ (၂၉ ႏွစ္) ကို ဇန္နဝါရီလ ၉ ရက္ေန႔က နႏၵဝန္ရပ္ကြက္ရွိ သူ႔ရဲ႕ ေယာကၡမေနအိမ္မွာ ျပန္လည္ ဖမ္းဆီးရမိခဲ့ပါတယ္။

လြတ္ေနေသးတဲ့ တရားခံ ၃ ဦးကေတာ့ တိုးႏိုင္ (၄၃ ႏွစ္)၊ ေဇာ္မင္းႏိုင္ (ခ) ေဇာ္ႀကီး (၂၈ ႏွစ္) နဲ႔ ေအာင္ျပည့္စံုဟိန္း (၂၀ ႏွစ္) တို႔ ျဖစ္ၾကပါတယ္။
………………. ။ ။ ……………….

မုံရွာတရားရုံး အချုပ်ခန်း ဖောက်ပြေးသူတွေထဲက တစ်ဦး ထပ်ဖမ်းမိ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ တရားရုံး အချုပ်ခန်းက ထွက်ပြေးသွားသူ ၇ ဦးအနက် နောက်ထပ် ၁ ဦးကို ဇန်နဝါရီလ ၉ ရက်နေ့မှာ ထပ်မံ ဖမ်းမိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က မုံရွာ တရားရုံးအချုပ်ခန်းမှာ ချုပ်ထားတဲ့ ရုံးထုတ် အချုပ်တရားခံ ကျား ၅၅ ဦး မ ၁ ဦးတို့အနက် ကျား ၇ ဦး အချုပ်ခန်း အနောက်တောင်ဘက် အမိုးသစ်သားတိုင်တွေကို ချိုးဖျက်ပြီး ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

၃ ဦးကို ရုံးကြီးရပ်ကွက်ထဲကနေ ပြန်မိခဲ့ပြီး လွတ်နေတဲ့ ၄ ဦးအနက် တရားခံ နောင်ရဲ (၂၉ နှစ်) ကို ဇန်နဝါရီလ ၉ ရက်နေ့က နန္ဒဝန်ရပ်ကွက်ရှိ သူ့ရဲ့ ယောက္ခမနေအိမ်မှာ ပြန်လည် ဖမ်းဆီးရမိခဲ့ပါတယ်။ လွတ်နေသေးတဲ့ တရားခံ ၃ ဦးကတော့ တိုးနိုင် (၄၃ နှစ်)၊ ဇော်မင်းနိုင် (ခ) ဇော်ကြီး (၂၈ နှစ်) နဲ့ အောင်ပြည့်စုံဟိန်း (၂၀ နှစ်) တို့ ဖြစ်ကြပါတယ်။

?bph6