
0
1181




ဖွင့်လှစ်နိုင်ခြင်း မရှိသေးတာက အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၇၁ ကျောင်းနဲ့ မူလတန်းကျောင်း ၂၂ ကျောင်းတို့ ဖြစ်ပါတယ်။
………………….. ။ ။ …………………..

မောင်တောမှာ ပိတ်ထားရတဲ့ စာသင်ကျောင်း ၉၅ ကျောင်း ကျန်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ မနှစ်က သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အခြေခံပညာကျောင်း ၆၅၀ ရှိတဲ့ အနက် ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရပါတယ်။

မောင်တောမြို့နယ်မှာ ၉၈ ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှာ ၁၇၅ ကျောင်းနဲ့၊ ရသေ့တောင်မြို့နယ်မှာ ၁၀ ကျောင်း၊ စုစုပေါင်း ၂၈၃ ကျောင်းကို ပြန်ဖွင့်ပေးနိုင်ခဲ့ပြီး နောက်ထပ် ကျောင်း ၄၆ ကျောင်းကို ထပ်ဖွင့်ပေးမှာ ဖြစ်ပါတယ်။

ဖွင့်လှစ်နိ်ုင်ခြင်း မရှိသေးတာက အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၇၁ ကျောင်းနဲ့ မူလတန်းကျောင်း ၂၂ ကျောင်းတို့ ဖြစ်ပါတယ်။

?bph6