သတင္းသမားေတြဘက္က ျပည္သူေတြ ရပ္တည္ေပးဖို႔ အဖမ္းခံရတဲ့ သတင္းေထာက္ေတြ ေျပာ

0
184

ျပည္သူေတြ အေနနဲ႔ သတင္းသမားေတြဘက္က ရပ္တည္ေပးဖို႔ အဖမ္းခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ေတြျဖစ္တဲ့ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးက ေျပာပါတယ္။

ဒီေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔ အင္းစိန္ၿမိဳ႕နယ္၊ ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးမွာ ဒုတိယအႀကိမ္ ႐ံုးထုတ္လာစဥ္ အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ေနာက္တစ္ႀကိမ္ ႐ံုးခ်ိန္းက ဇန္နဝါရီလ ၂၃ ရက္ ျဖစ္ပါတယ္။

ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ ႏွစ္ဦးကို မႏွစ္က ဒီဇင္ဘာ ၁၂ ရက္ေန႔ ည ၁၁ နာရီခြဲမွာ ရန္ကုန္တိုင္း၊ ေထာက္ၾကန္႔ ရဲစခန္းမွာ ႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္ဥပေဒနဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
……………………. ။ ။ ………………………

သတင်းသမားတွေဘက်က ပြည်သူတွေ ရပ်တည်ပေးဖို့ အဖမ်းခံရတဲ့ သတင်းထောက်တွေ ပြော

ပြည်သူတွေ အနေနဲ့ သတင်းသမားတွေဘက်က ရပ်တည်ပေးဖို့ အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်လာစဉ် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ရုံးချိန်းက ဇန်နဝါရီလ ၂၃ ရက် ဖြစ်ပါတယ်။

ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ နှစ်ဦးကို မနှစ်က ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲမှာ ရန်ကုန်တိုင်း၊ ထောက်ကြန့် ရဲစခန်းမှာ နိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။