
0
1929




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန် ကလေးစာပေပွဲတော် ကျောင်းသားကျောင်းသူ၊ ပြည်သူ သောင်းနဲ့ချီ လာရောက်

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း (စိန့်ပေါလ်ကျောင်း) မှာ သုံးရက်ကြာ ကျင်းပတဲ့ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ကျောင်းသား ကျောင်းသူနဲ့ ပြည်သူ သောင်းနဲ့ချီ လာရောက်ခဲ့ပါတယ်။

ကလေးစာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့တို့က ပူးပေါင်းပြီး ဇန်နဝါရီလ ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပတာ ဖြစ်ပါတယ်။

ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ စတဲ့ ပြိုင်ပွဲ အမျိုးမျိုးကို ဝင်ရောက်ယှဉ်ပြိုင်သူ ၁၆၈၀ဝ ကျော် ရှိပါတယ်။

ကလေးစာပေပွဲတော် ပထမနေ့မှာ လူဦးရေ ၈ သောင်းခန့်၊ ဒုတိယနေ့မှာ ၉ သောင်းကျော် လာရောက်ခဲ့ကြောင်း ပွဲတော်ဝင်ခွင့် စတေကာနဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ သိရတာ ဖြစ်ပါတယ်။

?bph6