

သတင်းဓာတ်ပုံ – ရဲသွေးနီ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုသိမ်မြို့မှာ နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားကို မနက် ၄ နာရီ ၂၀ မိနစ်မှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဆရာအတတ်သင်ကျောင်းက သင်တန်းသား၊ သင်တန်းသူတွေ ပါဝင်ကာ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲတွေ ကျင်းပခဲ့ပါတယ်။

adv_banner