ေဖ့စ္ဘုတ္ ဟာသ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ဝိုင္းဝန္း ထိုးႀကိတ္ခံရၿပီး ေသဆံုး

0
257

လူမႈကြန္ရက္ ေဖ့စ္ဘုတ္မွာ ဟာသ ဗီဒီယိုဖိုင္ေတြ ႐ိုက္ကူးတင္ဆက္ၿပီး လူသိမ်ားလာသူ ေအာင္ရဲေထြး (ခ) ရဲေထြးေအာင္ဟာ ဇန္နဝါရီလ ၁ ရက္ေန႔က အမ်ိဳးသား ငါးဦး ဝိုင္းဝန္းထိုးႀကိတ္ခံခဲ့ရၿပီးေနာက္ ဇန္နဝါရီလ ၂ ရက္ေန႔က ရန္ကုန္ေဆး႐ံုႀကီးမွာ ေသဆံုးသြားပါတယ္။

ဇန္နဝါရီလ ၁ ရက္ေန႔က ေအာင္ရဲေထြး (၂၄ ႏွစ္) ဟာ ရည္းစားျဖစ္သူနဲ႔ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြ်န္းၿမိဳ႕နယ္ရွိ The One Entertainment ဝင္းထဲမွာ က်င္းပတဲ့ ပါတီပြဲကို တက္ေရာက္စဥ္ ရန္ျဖစ္ဖူးတဲ့ အမ်ိဳးသား ငါးဦးက ေအာင္ရဲေထြးကို ဝိုင္းဝန္းထိုးႀကိတ္ခဲ့လို႔ ဦးေခါင္းမွာ စိုးရိမ္ရတဲ့ ဒဏ္ရာ ရရွိခဲ့ပါတယ္။

ဇန္နဝါရီလ ၂ ရက္ေန႔မွာ ေအာင္ရဲေထြး ေသဆံုးသြားတဲ့အတြက္ သုဝဏၰရဲစခန္းက လူသတ္မႈနဲ႔ ေျပာင္းလဲ အမႈဖြင့္ၿပီး ထိုးႀကိတ္သူ ငါးဦးကို စံုစမ္းေနပါတယ္။
……………… ။ ။ …………………

ဖေ့စ်ဘုတ် ဟာသ သရုပ်ဆောင် အောင်ရဲထွေး ဝိုင်းဝန်း ထိုးကြိတ်ခံရပြီး သေဆုံး

လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ဟာသ ဗီဒီယိုဖိုင်တွေ ရိုက်ကူးတင်ဆက်ပြီး လူသိများလာသူ အောင်ရဲထွေး (ခ) ရဲထွေးအောင်ဟာ ဇန်နဝါရီလ ၁ ရက်နေ့က အမျိုးသား ငါးဦး ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရပြီးနောက် ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးသွားပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က အောင်ရဲထွေး (၂၄ နှစ်) ဟာ ရည်းစားဖြစ်သူနဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ The One Entertainment ဝင်းထဲမှာ ကျင်းပတဲ့ ပါတီပွဲကို တက်ရောက်စဉ် ရန်ဖြစ်ဖူးတဲ့ အမျိုးသား ငါးဦးက အောင်ရဲထွေးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့လို့ ဦးခေါင်းမှာ စိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့မှာ အောင်ရဲထွေး သေဆုံးသွားတဲ့အတွက် သုဝဏ္ဏရဲစခန်းက လူသတ်မှုနဲ့ ပြောင်းလဲ အမှုဖွင့်ပြီး ထိုးကြိတ်သူ ငါးဦးကို စုံစမ်းနေပါတယ်။