
0
1909





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအစိုးရ အရာရှိတွေအတွက် ဟွာဝေးက ICT တိုးတက်ရေး ကူညီ

ဟွာဝေးမှ မြန်မာအစိုးရဝန်ကြီးဌာနရှိ အရာရှိများကို networking နည်းပညာ နဲ့ပက်သက်သည့် သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့သည်။ အဆိုပါ ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်မှုဆိုင်ရာ သင်တန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဗဟိုသင်တန်းကျောင်း မိတ္ထိလာမှာ ဒီဇင်ဘာ(၂၇)ရက်နေ့က ကျင်ပးပခဲ့တယ်လို့ဆိုပါတယ်။

ဒီသင်တန်းဟာ မြန်မာနိုင်ငံက အစိုးရဌာနတွေမှာ ICT လုပ်ငန်းတွေပိုမိုဖွံ့ဖြိုးဖို့ အတွက် ဟွာဝေးက ကူညီတဲ့အနေနဲ့ စတင်ခဲ့တာလို့ဆိုပါတယ်။
ဒီသင်တန်းမှာ ပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်းက ဆရာ (၆)ဦးကိုသင်တန်းပေးခဲ့တာဖြစ်ပြီး သင်တန်းအတွက် လိုအပ်တဲ့ ကွန်ပျူတာ၊ လက်ပ်တော့၊ အဲကွန်း၊ tablet နဲ့ ပရိဘောဂတွေကိုလည်း ဟွာဝေးက လှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။

?bph6