အစိုးရလူႀကီးေတြသြားရင္ ဟင္းအမ်ားႀကီး မေကြ်းဖို႔ ညႊန္ၾကားခ်က္ ထုတ္ဖို႔ စဥ္းစားေန

0
140

အစိုးရလူႀကီးေတြ သြားရင္ ဟင္းအမ်ားႀကီး ေကြ်းတာ မႀကိဳက္တဲ့အတြက္ ဟင္းကန္႔သတ္ေရး ညႊန္ၾကားခ်က္ထုတ္ဖို႔ စဥ္းစားေနတယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီေန႔ ဒီဇင္ဘာ ၂၉ ရက္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕မွာ က်င္းပတဲ့ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ ေဒသခံလူငယ္မ်ား ၿငိမ္းခ်မ္းေရးစကားဝိုင္းမွာ မာရီးယိုက တိုင္းရင္းသားေတြ ကိုယ္တိုင္လုပ္တဲ့ ထမင္း၊ ဟင္းကိုေတာင္ သူတို႔က မေကာင္းတာ စားၿပီး လူႀကီးေတြ၊ အစိုးရေတြကို ထမင္းေကာင္းေကာင္းေလး ေရာင္းခ်ေပးေနရတယ္လို႔ ေျပာခဲ့တာကို တံု႔ျပန္ ေျပာဆိုတာ ျဖစ္ပါတယ္။

“လူႀကီးေတြလာရင္ အသားဟင္းတစ္ခြက္၊ အသီးဟင္းတစ္ခြက္ အရည္ေသာက္ ေတာ္ၿပီ၊ ေနာက္ၿပီးေတာ့ ငါးပိ တို႔စရာေပါ့၊ အဲဒါထက္ပိုၿပီးေတာ့ ေကြ်းတဲ့အဖြဲ႔ေတြကို ဒဏ္ေၾကးေဆာင္ခိုင္းရမယ္ ထင္တယ္” လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
……………….. ။ ။ …………………

အစိုးရလူကြီးတွေသွားရင် ဟင်းအများကြီး မကျွေးဖို့ ညွှန်ကြားချက် ထုတ်ဖို့ စဉ်းစားနေ

အစိုးရလူကြီးတွေ သွားရင် ဟင်းအများကြီး ကျွေးတာ မကြိုက်တဲ့အတွက် ဟင်းကန့်သတ်ရေး ညွှန်ကြားချက်ထုတ်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ကျင်းပတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းမှာ မာရီးယိုက တိုင်းရင်းသားတွေ ကိုယ်တိုင်လုပ်တဲ့ ထမင်း၊ ဟင်းကိုတောင် သူတို့က မကောင်းတာ စားပြီး လူကြီးတွေ၊ အစိုးရတွေကို ထမင်းကောင်းကောင်းလေး ရောင်းချပေးနေရတယ်လို့ ပြောခဲ့တာကို တုံ့ပြန် ပြောဆိုတာ ဖြစ်ပါတယ်။

“လူကြီးတွေလာရင် အသားဟင်းတစ်ခွက်၊ အသီးဟင်းတစ်ခွက် အရည်သောက် တော်ပြီ၊ နောက်ပြီးတော့ ငါးပိ တို့စရာပေါ့၊ အဲဒါထက်ပိုပြီးတော့ ကျွေးတဲ့အဖွဲ့တွေကို ဒဏ်ကြေးဆောင်ခိုင်းရမယ် ထင်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

?bph6