ရခိုင္ျပည္နယ္အေရး ဖိအားေပးမႈေတြက ကူညီရာမေရာက္ဘဲ ႐ႈပ္ေထြးေစတယ္လို႔ တ႐ုတ္ ေျပာ

0
92

ရခိုင္ျပည္နယ္အေရးမွာ လူ႔အခြင့္အေရးအရဆိုၿပီး ျမန္မာႏိုင္ငံကို ဖိအားေပးမႈေတြဟာ ျပႆနာကို ေျဖရွင္းရာ မေရာက္ဘဲ အေျခအေနကို ပို႐ႈပ္ေထြးေစတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရသူ မစၥ ဟြာခြ်န္ယင္းက ေျပာပါတယ္။

ျမန္မာနိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္မစၥ ယန္ဟီးလီက ရခိုင္ျပည္အေရးမွာ ျမန္မာႏိုင္ငံဘက္က ရပ္တည္ေပးေနတဲ့ တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံတို႔ကို ႏိုင္ငံတကာက ဖိအားေပးၾကဖို႔ ေတာင္းဆိုတာနဲ႔ ပတ္သက္ၿပီး မစၥ ဟြာခြ်န္ယင္းက တံု႔ျပန္ ေျပာဆိုတာ ျဖစ္ပါတယ္။

ႏိုင္ငံေတြ၊ ျပင္ပက တသီးပုဂၢလေတြ အေနနဲ႔ အျပဳသေဘာေဆာင္တဲ့ ပတ္ဝန္းက်င္ ဖန္တီးေပးႏိုင္မယ္ဆိုရင္ ျမန္မာႏိုင္ငံအေနနဲ႔ ျပႆနာကို သူတို႔ကိုယ္တိုင္ ေျဖရွင္းဖို႔ ပိုလုပ္ႏိုင္လိမ့္မယ္လို႔လည္း သူက ေျပာပါတယ္။

႐ုရွားႏုိင္ငံျခားေရး ဝန္ႀကီးဌာနကေတာ့ ယန္ဟီးလီရဲ႕ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ တစ္စံုတစ္ရာ မေပးပါဘူး။ အရင္တုန္းကေတာ့ ရခိုင္ျပည္နယ္ အေရးဟာ ျမန္မာ့ျပည္တြင္းေရးျဖစ္တယ္၊ အလြန္အကြ်ံ စြက္ဖက္တာေတြကို ဆန္႔က်င္ေၾကာင္းနဲ႔ အဲဒီလို လုပ္တာေတြဟာ အျပဳသေဘာေဆာင္တဲ့ ရလဒ္ေတြဆီ ဦးတည္မွာ မဟုတ္ဘူးလို႔ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး နီကိုေလ လစ္စတိုပါေဒါ့ဗ္က ေျပာဖူးပါတယ္။
………………. ။ ။ …………………

ရခိုင်ပြည်နယ်အရေး ဖိအားပေးမှုတွေက ကူညီရာမရောက်ဘဲ ရှုပ်ထွေးစေတယ်လို့ တရုတ် ပြော

ရခိုင်ပြည်နယ်အရေးမှာ လူ့အခွင့်အရေးအရဆိုပြီး မြန်မာနိုင်ငံကို ဖိအားပေးမှုတွေဟာ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ အခြေအနေကို ပိုရှုပ်ထွေးစေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စ ဟွာချွန်ယင်းက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မစ္စ ယန်ဟီးလီက ရခိုင်ပြည်အရေးမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးနေတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကို နိုင်ငံတကာက ဖိအားပေးကြဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး မစ္စ ဟွာချွန်ယင်းက တုံ့ပြန် ပြောဆိုတာ ဖြစ်ပါတယ်။
နိုင်ငံတွေ၊ ပြင်ပက တသီးပုဂ္ဂလတွေ အနေနဲ့ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ပြဿနာကို သူတို့ကိုယ်တိုင် ဖြေရှင်းဖို့ ပိုလုပ်နိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ယန်ဟီးလီရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာ မပေးပါဘူး။ အရင်တုန်းကတော့ ရခိုင်ပြည်နယ် အရေးဟာ မြန်မာ့ပြည်တွင်းရေးဖြစ်တယ်၊ အလွန်အကျွံ စွက်ဖက်တာတွေကို ဆန့်ကျင်ကြောင်းနဲ့ အဲဒီလို လုပ်တာတွေဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေဆီ ဦးတည်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး နီကိုလေ လစ်စတိုပါဒေါ့ဗ်က ပြောဖူးပါတယ်။

?bph6