
0
91



……………… ။ ။ ……………….

ဒေါ်အောင်ဆန်းစုကြည် ရာထူးက နုတ်ထွက်ဖို့ အဆိုတော် ဘိုနို ပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်တဲ့ ကမ္ဘာကျော် အဆိုတော် ဘိုနိုက ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နုတ်ထွက်ဖို့ ပြောဆိုလိုက်ပါတယ်။

U2 ဂီတအဖွဲ့ရဲ့ အဆိုတော် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ‘Walk On’ သီချင်းကို ရေးခဲ့သူ ဘိုနိုက နေရပ်စွန့်ခွာတဲ့ ဒုက္ခသည်တွေရဲ့ ဓာတ်ပုံတွေကြည့်ပြီး စိတ်မသက်မသာ ဖြစ်တယ်လို့လည်း ဘိုနိုက ပြောပါတယ်။

ဒါဟာ လူမျိုးစုရှင်းလင်းရေး ဖြစ်တယ်၊ ဖြစ်တာကတော့ တကယ့်ကို ဖြစ်နေပြီ၊ သူ (ဒေါ်အောင်ဆန်းစုကြည်) အနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ သိရင် နုတ်ထွက်လိုက်သင့်တယ်လို့ ဘိုနိုက ရိုးလင်း စတုန်း မဂ္ဂဇင်းကို ပြောပါတယ်။

?bph6