ေမာင္ေတာမွာ NVC ကတ္နဲ႔ NID ျပဳလုပ္သူ ၃ ေထာင္ရွိ

0
39

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ေရႊဇားေက်းရြာအုပ္စုမွာ မြတ္စလင္ေတြကို ႏိုင္ငံသားစိစစ္ခံရမည့္သူ၏ သက္ေသခံကတ္ျပား (NVC) နဲ႔ နည္းပညာသံုးကတ္ျပား ေဆာင္ရြက္ေရး ေရွ႕ေျပးလုပ္ငန္းစဥ္ျဖစ္တဲ့ National Electronic ID (NID) ျပဳလုပ္သူ ၃ ေထာင္ခန္႔ ရွိပါတယ္။

NVC လုပ္ငန္းစဥ္ကို ေအာက္တိုဘာ ၁၂ ရက္ေန႔က စၿပီး လူအင္အား ၆၀ နဲ႔ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ေရႊဇားေက်းရြာ အုပ္စုမွာ NVC ျပဳလုပ္ၿပီးသူ ၁၄၅၇ ဦးနဲ႔ NID ျပဳလုပ္ၿပီးသူ ၁၅၀၃ ဦး ရွိပါတယ္။

ေရႊဇားေက်းရြာအုပ္စုမွာ မြတ္စလင္ေတြ ေနထိုင္တဲ့ ေက်းရြာ ၁၂ ရြာ ရွိပါတယ္။ NVC နဲ႔ NID ကတ္ ေဆာင္ရြက္ေရးလုပ္ငန္းေတြ ေဆာင္ရြက္ေပးေနေပမယ့္ လာေရာက္လုပ္တဲ့သူ အေရအတြက္ နည္းလာတယ္လို႔ ေၾကးမံုသတင္းစာမွာ ေဖာ္ျပထားပါတယ္။
………………. ။ ။ ………………….

မောင်တောမှာ NVC ကတ်နဲ့ NID ပြုလုပ်သူ ၃ ထောင်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စုမှာ မွတ်စလင်တွေကို နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) နဲ့ နည်းပညာသုံးကတ်ပြား ဆောင်ရွက်ရေး ရှေ့ပြေးလုပ်ငန်းစဉ်ဖြစ်တဲ့ National Electronic ID (NID) ပြုလုပ်သူ ၃ ထောင်ခန့် ရှိပါတယ်။

NVC လုပ်ငန်းစဉ်ကို အောက်တိုဘာ ၁၂ ရက်နေ့က စပြီး လူအင်အား ၆၀ နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရွှေဇားကျေးရွာ အုပ်စုမှာ NVC ပြုလုပ်ပြီးသူ ၁၄၅၇ ဦးနဲ့ NID ပြုလုပ်ပြီးသူ ၁၅၀၃ ဦး ရှိပါတယ်။

ရွှေဇားကျေးရွာအုပ်စုမှာ မွတ်စလင်တွေ နေထိုင်တဲ့ ကျေးရွာ ၁၂ ရွာ ရှိပါတယ်။ NVC နဲ့ NID ကတ် ဆောင်ရွက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပေမယ့် လာရောက်လုပ်တဲ့သူ အရေအတွက် နည်းလာတယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

?bph6