0
14
……………. ။ ။ ……………..
နောင်ချိုမှာ လက်လုပ်ဗုံးနဲ့ အပေါက်ခံရလို့ လေးဦး ဒဏ်ရာရ
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာမှာ ဒီဇင်ဘာ ၂၆ ရက်ညက ပြောက်းကျားဝတ်စုံ ဝတ်ထားသူ ခြောက်ဦးက လက်လုပ်ဗုံးနဲ့ ပစ်ပေါက်တဲ့အတွက် လူလေးဦး ပြင်းထန်စွာ ဒဏ်ရာ ရသွားပါတယ်။
အုမ္မသီးရွာနေ အောင်မိုင်၊ ဂမ်အောင်၊ ရိမ်အောင်ရွန်း၊ တီဇောင်းလွန်း၊ တီခွန်တောင်နဲ့ နော်ဆိုင်တို့ ခြောက်ဦးဟာ ခေါက်ဆွဲစားပြီး ဘုရားကျောင်းအပြန် လူတစ်ဦးက ဓားနဲ့ လိုက်ခုတ်တဲ့အတွက် ထွက်ပြေးခဲ့ပါတယ်။ သူတို့က တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း ငါးဦးတို့ကို သွားခေါ်ပြီး ဓားနဲ့ခုတ်တဲ့သူကို လိုက်ရှာရာမှာ ပြောက်ကျားဝတ် လူခြောက်ဦးက လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
တီခွန်တောင်နဲ့ ဂမ်အောင်တို့ ဒဏ်ရာ စိုးရိမ်ရပေမယ့် ရိမ်အောင်ရွန်းနဲ့ တီဇောင်းလွန်းတို့ကတော့ ဒဏ်ရာ မစိုးရိရပါဘူး။ သူတို့ကို ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။ လက်လုပ်ဗုံးနဲ့ ပစ်ပေါက်သူတွေကို နောင်ချိုမြို့မ ရဲစခနး်က စုံစမ်းဖော်ထုတ်နေပါတယ်။
?bph6
LEAVE A REPLY
Please enter your comment!
Please enter your name here