က်ိဳင္းတံုမွာ အမ်ိဳးသမီးတစ္ဦးကို သတ္ၿပီးမီး႐ိႈ႕မႈ တရားခံႏွစ္ဦးကို ဖမ္းမိ

0
73

က်ိဳင္းတံုၿမိဳ႕နယ္၊ လြယ္ေမြေက်းရြာအနီး ကားလမ္းေဘးမွာ မီး႐ိႈ႕ခံထားရၿပီး ေသဆံုးေနတဲ့ အမ်ိဳးသမီးတစ္ဦး အမႈနဲ႔ ပတ္သက္ၿပီး လူသတ္မႈ က်ဴးလြန္သူ တရားခံ ႏွစ္ဦးကို ဖမ္းဆီးလိုက္ပါတယ္။

ေသဆံုးသူဟာ အသက္ ၁၈ ႏွစ္အရြယ္ ဧၿပီလ (ခ) ေအဘီလ ျဖစ္ၿပီး ဒီဇင္ဘာ ၂၀ ရက္ေန႔က ရည္းစားရဲ႕ ဆိုင္ကယ္ကို ငွားရမ္းကာ ရပ္ကြက္ (၄) ေပါက္တိုက္ရပ္ေန ဆရာမ ေဒၚႏြမ္းဘိြဳင္း ငွားရမ္းေနထိုင္တဲ့အိမ္ကို ငါးကင္သြားပို႔ခဲ့ပါတယ္။ အဲဒီအိမ္မွာ စိုးလြင္ နဲ႔ အိမ္ခန္းထဲမွာ ပုန္းေနတဲ့ သူ႔သူငယ္ခ်င္း စိုင္းရွဲန္ (ခ) အိုက္ပီးတို႔ရွိေနၿပီး ဧၿပီလကို အခန္းထဲ ဆြဲေခၚခဲ့ပါတယ္။

ဧၿပီလက ႐ုန္းကန္တဲ့အတြက္ စိုးလြင္က လည္ပင္းညွစ္ၿပီး အိပ္ခန္းခုတင္နံရံနဲ႔ ေခါင္းကို ေဆာင့္ခဲ့ပါတယ္။ လဲက်သြားရာမွာ ဆက္ၿပီး ႐ုန္းကန္တဲ့အတြက္ လည္ပင္းကို စိုးဝင္းနဲ႔ စိုင္းရွဲန္တို႔က နင္းထားတာေၾကာင့္ ေသဆံုးသြားခဲ့ပါတယ္။

အေလာင္းကို က်ိဳင္းတံု-လြယ္ေမြသြား ကားလမ္းေဘး ေတာစပ္မွာ ဓာတ္ဆီေလာင္း မီး႐ိႈ႕ခဲ့ၿပီး ဧၿပီလ စီးလာတဲ့ ဆိုင္ကယ္ကို က်ပ္ ၁၀ သိန္းနဲ႔ ေပါင္ခဲ့ပါတယ္။ ဒီဇင္ဘာ ၂၆ ရက္ေန႔မွာ စိုးလြင္ကို ဖမ္းဆီးခဲ့ၿပီး သာစည္ကို ေရာက္ေနတဲ့ တရားခံ စိုင္းရွဲန္ကိုလည္း သာစည္ၿမိဳ႕မရဲစခန္းက ဖမ္းဆီးလိုက္ပါတယ္။
…………………. ။ ။ …………………..

ကျိုင်းတုံမှာ အမျိုးသမီးတစ်ဦးကို သတ်ပြီးမီးရှို့မှု တရားခံနှစ်ဦးကို ဖမ်းမိ

ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအနီး ကားလမ်းဘေးမှာ မီးရှို့ခံထားရပြီး သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦး အမှုနဲ့ ပတ်သက်ပြီး လူသတ်မှု ကျူးလွန်သူ တရားခံ နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် ဧပြီလ (ခ) အေဘီလ ဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က ရည်းစားရဲ့ ဆိုင်ကယ်ကို ငှားရမ်းကာ ရပ်ကွက် (၄) ပေါက်တိုက်ရပ်နေ ဆရာမ ဒေါ်နွမ်းဘွိုင်း ငှားရမ်းနေထိုင်တဲ့အိမ်ကို ငါးကင်သွားပို့ခဲ့ပါတယ်။ အဲဒီအိမ်မှာ စိုးလွင် နဲ့ အိမ်ခန်းထဲမှာ ပုန်းနေတဲ့ သူ့သူငယ်ချင်း စိုင်းရှဲန် (ခ) အိုက်ပီးတို့ရှိနေပြီး ဧပြီလကို အခန်းထဲ ဆွဲခေါ်ခဲ့ပါတယ်။

ဧပြီလက ရုန်းကန်တဲ့အတွက် စိုးလွင်က လည်ပင်းညှစ်ပြီး အိပ်ခန်းခုတင်နံရံနဲ့ ခေါင်းကို ဆောင့်ခဲ့ပါတယ်။ လဲကျသွားရာမှာ ဆက်ပြီး ရုန်းကန်တဲ့အတွက် လည်ပင်းကို စိုးဝင်းနဲ့ စိုင်းရှဲန်တို့က နင်းထားတာကြောင့် သေဆုံးသွားခဲ့ပါတယ်။

အလောင်းကို ကျိုင်းတုံ-လွယ်မွေသွား ကားလမ်းဘေး တောစပ်မှာ ဓာတ်ဆီလောင်း မီးရှို့ခဲ့ပြီး ဧပြီလ စီးလာတဲ့ ဆိုင်ကယ်ကို ကျပ် ၁၀ သိန်းနဲ့ ပေါင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ စိုးလွင်ကို ဖမ်းဆီးခဲ့ပြီး သာစည်ကို ရောက်နေတဲ့ တရားခံ စိုင်းရှဲန်ကိုလည်း သာစည်မြို့မရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

?bph6