KNPP တပ္ဖြဲ႕ဝင္ေတြနဲ႔ အရပ္သား ေသဆံုးမႈ ခံု႐ံုးဖြဲ႕ စစ္ေဆး

0
153

ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ (KNPP) တပ္ဖြဲ႔ဝင္ သံုးဦးနဲ႔ အရပ္သား တစ္ဦး ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး ဒီေန႔ ဒီဇင္ဘာ ၂၈ ရမွာ ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ (ဒကစ) (လြိဳင္ေကာ္) မွာ ကနဦး စတင္ စစ္ေဆးၾကားနာေနပါတယ္။

ဒီေသဆံုးမႈနဲ႔ ပတ္သက္ၿပီး KNPP အေနနဲ႔ ႏိုင္ငံေရးလမ္းေၾကာင္းက သြားဖို႔သာ အစီအစဥ္ရွိေၾကာင္း၊ အျပဳသေဘာေဆာင္ လမ္းေၾကာင္းကတစ္ဆင့္ ခ်ဥ္းကပ္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း KNPP ဆက္ဆံေရး႐ံုး တာဝန္ခံ ဦးေညးရယ္က ကႏၱာရဝတီတိုင္းမ္ကို ေျပာထားပါတယ္။

လိႈင္ေကာ္ၿမိဳ႕နယ္၊ ပါေလာင္းေက်းရြာနဲ႔ ေဒါတျခား ေက်းရြာၾကား (၇) မိုင္ရွိ KNPP ရဲ႕ ယာယီစစ္ေဆးေရး ဂိတ္ကို ဒကစ (လိြဳင္ေကာ္) လက္ေအာက္ခံတပ္က ဝင္ေရာက္စီးနင္းၿပီး KNPP တပ္ဖြဲ႔ဝင္ သံုးဦးနဲ႔ အရပ္သား တစ္ဦးတို႔ကို ဖမ္းဆီး သတ္ျဖတ္ခဲ့တာ ျဖစ္တယ္လို႔ ညီညြတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC) က သတင္းထုတ္ျပန္ပါတယ္။

KNPP က ဖမ္းဆီးခံရသူေတြနဲ႔ ပတ္သက္လို႔ စံုစမ္းရာမွာ အ႐ိုးျပာအိုးေတြကိုသာ ျပန္လည္ ရရွိခဲ့ပါတယ္။ KNPP တပ္ဖြဲ႔ဝင္ သံုးဦးနဲ႔ အရပ္သား တစ္ဦး ဖမ္းဆီး သတ္ျဖတ္ခံရမႈနဲ႔ ပတ္သက္ၿပီး စံုစမ္းေဖာ္ထုတ္ေရးနဲ႔ တရားမွ်တမႈ ေပၚေပါက္ေရး တပ္မေတာ္က ေဖာ္ေဆာင္ေပးဖို႔ UNFC က ေတာင္းဆိုထားပါတယ္။
………………….. ။ ။ ……………………

KNPP တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား သေဆုံးမှု ခုံရုံးဖွဲ့ စစ်ဆေး

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဒီဇင်ဘာ ၂၈ ရမှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) (လွိုင်ကော်) မှာ ကနဦး စတင် စစ်ဆေးကြားနာနေပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး KNPP အနေနဲ့ နိုင်ငံရေးလမ်းကြောင်းက သွားဖို့သာ အစီအစဉ်ရှိကြောင်း၊ အပြုသဘောဆောင် လမ်းကြောင်းကတစ်ဆင့် ချဉ်းကပ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း KNPP ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ကန္တာရဝတီတိုင်းမ်ကို ပြောထားပါတယ်။

လှိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြား ကျေးရွာကြား (၇) မိုင်ရှိ KNPP ရဲ့ ယာယီစစ်ဆေးရေး ဂိတ်ကို ဒကစ (လွိုင်ကော်) လက်အောက်ခံတပ်က ဝင်ရောက်စီးနင်းပြီး KNPP တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား တစ်ဦးတို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က သတင်းထုတ်ပြန်ပါတယ်။

KNPP က ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ စုံစမ်းရာမှာ အရိုးပြာအိုးတွေကိုသာ ပြန်လည် ရရှိခဲ့ပါတယ်။ KNPP တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား တစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရေးနဲ့ တရားမျှတမှု ပေါ်ပေါက်ရေး တပ်မတော်က ဖော်ဆောင်ပေးဖို့ UNFC က တောင်းဆိုထားပါတယ်။

?bph6