အင်းဒင်မှာ အလောင်းတွေ တွေ့ရှိမှု လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးမယ်

0
237

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်တဲ့ အလောင်း ၁၀ လောင်း တွေ့ရှိမှုနဲ့ ပတ်သက်ပြီး လုံးခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင် ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ဒု ဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မနေ့က ဒီဇင်ဘာ ၂၀ ရက်နေ့က အခင်းဖြစ်တဲ့ ဒေသကို ထွက်ခွာသွားပါတယ်။

အမည်မသိသူတစ်ဦးရဲ့ သတင်းပေးမှုနဲ့ အင်းဒင်ကျေးရွာ သုဿန်မှာ သတ်ဖြတ်မြှုပ်နှံထားတဲ့ အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

?bph6